[Unicode]

အာလုံးပဲမင်္ဂလာပါ။လူကြိုက်အများဆုံးအစားအစာတွေထဲမှာ ဒံပေါက်ကလည်းတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။များသောအားဖြင့်ဒံပေါက်ကိုကြက်သား ကြက်အသဲမြစ် ဆိတ်သားစတဲ့ အသားဟင်းလျာတွေနဲ့တွဲဖက်စားရတဲ့ဖြစ်တာကြောင့်အသား ဟင်းမစားသူတွေအတွက်တော့ အဆင်မပြေပါဘူး။ဒါကြောင့်ဒံပေါက်လည်းကြိုက်တယ် အသားဟင်းတွေနဲ့လည်းမစားချင်ဘူးဆိုသူတွေအတွက် အရသာရှိတဲ့ သက်သက်လွတ်ဒံပေါက်ချက်နည်းလေးမျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဒံပေါက်ဆန် ၁ လုံး
  • ပဲစိမ်းလုံး ၁၀၀ ဂရမ်
  • ပန်းဂေါ်ဖီ ၈၀ ဂရမ်
  • မုလာဥနီ ၁ တောင့်
  • ကြက်သွန်နီ ၃ လုံး
  • ငရုပ်သီးစိမ်း ၃ တောင့်
  • ကြက်သွန်ဖြူ ၄ တက်
  • ပဲတောင့်ရှည် ၅ တောင့်
  • အာလူး ၂ လုံး
  • ဂျင်း ၁ တက်
  • ဆားအနည်းငယ်
  • စပျစ်သီးခြောက် ၂ ဇွန်း
  • သီဟိုစေ့ ၂ ဇွန်း
  • နနွင်းမှုန့် ၁ ဇွန်း
  • ငရုပ်သီးအစိမ်းမှုန့်စားပွဲတင်ဇွန်း ၂ ဇွန်း
  • ထောပတ်စားပွဲတင်ဇွန်း၂ ဇွန်း
  • ခရမ်းချဉ်သီး ၁ လုံး
  • ပူစီနံ ၁ စည်း
  • နံနံပင် ၃ ပင်
  • မဆလာ ၁ ဇွန်း
  • လေးညှင်းပွင့် ၅ ပွင့်
  • ကရဝေးရွှက် ၃ ရွှက်
  • ဖာလာ ၁ ဇွန်း
  • သစ်ဂျပိုးခေါက် ၁ ချောင်း
  • စမုန်စပါး ၁ ဇွန်း
  • နာနတ်ပွင့် ၃ ပွင့်
  • အုန်းနို့ ၁၀၀ မီလီလီတာ
  • ဒိန်ချဉ် ၃ ဇွန်း
  • ရေ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံးဆန်ကို ၁၀ မိနစ်ခန့်ရေစိမ်ထားပေးပါ။ဆန်ရေစိမ်နေစဉ်အတွင်းမှာ ဟင်းသီးဟင်းရွှက်တွေကိုရေဆေးသန့်စင် ထားပါ။၁၀မိနစ်ခန့်ဆန်ကိုရေစိမ်ပြီးပြီဆိုရင်တော့ ဇကာတစ်ခုနဲ့ ရေစစ်ထားပေးပါ။

(၂) ပြီးရင်တော့ ဒယ်အိုးတစ်ခုအတွင်း ထောပတ်တစ်ဇွန်းထည့်ပြီး မီးအနေတော်ဖြင့်အပူပေးပါ။ထောပတ်ပျော်သွားပြီဆိုရင်တော့ ကရဝေးရွှက် ဖာလာ နာနတ်ပွင့် သစ်ဂျပိုးခေါက် စမုန်စပါး လေးညှင်းပွင့်နဲ့ ပါးပါးလှီးထားတဲ့ကြက်သွန်နီတို့ ကိုရောထည့်ပြီး ဆီသပ်ပေးပါ။၁ မိနစ်ခန့်ဆီးသပ်ပြီးရင်တော့ ငရုပ် သီးစိမ်း ဂျင်း ကြက်သွန်ဖြူတို့ကိုရောထည့်ပြီး မွှေပေးပါ။

(၃) ကြက်သွန်တွေကြွပ်ပြီးမွှေးလာပြီဆိုရင်တော့ ၁စင်တီမီ တာခန့်လှီးထားတဲ့ မုန်လာဥနီအတုံးလေးတွေ ပဲတောင့်ရှည် အာလူး ခရမ်းချဉ်သီး ပန်းဂေါ်ဖီ ပဲစိမ်းလုံးတွေကိုရောထည့်ပြီးသမအောင်မွှေပေးပါ။ ထို့နောက်ကြိတ်စက်ဖြင့်ကြိတ်ထားတဲ့ ပူစီနံ့အနှစ်ကိုရောထည့်ပြီး ၃ မိနစ်ခန့်တည်ထားပေးရပါမယ်။ဆက်လက်ပြီး ဒိန်ချဉ် နနွင်းမှုန့် ငရုပ်သီးအစိမ်းမှုန့် မဆလာဆားအနည်းငယ်တို့ကိုရောထည့်ပြီး မွှေပေးပါ။

(၄) ထို့နောက် အုန်းနို့ထည့်ပြီးမွှေးပေးရပါမယ်။အသီးအရွှက် တွေလည်းကျက်ပြီး အနံ့မွှေးလာပြီဆိုရင်တော့ ရေစိမ်ထားတဲ့ ဆန်ကိုအပေါ်ကနေ ပြန့်ပြန့်ပြူးပြူးဖြန့်ခင်းလိုက်ပါ။ပြီးရင်တော့ဒယ်အိုးရဲ့ဘေးဘက်ကနေကပ်ပြီး ရေ ၂ ခွက်ခန့်ထည့်ပေးပါ။ဆက်လက်ပြီး ထောပတ် ၁ ဇွန်း မဆလာအနည်းငယ် နံနံပင် စပျစ်သီးခြောက် သီဟိုစေ့တို့ကိုရောထည့်ပြီးအဖုံးအုပ်ကာ ၂၅ မိနစ်ခန့် မီးခပ် အေးအေးဖြင့်တည်ထားပေးရပါမယ်။

(၅) အချိန့်စေ့ပြီဆိုရင်တော့ အိုးအဖုံးလေးဖွင့်လိုက်ပါ။ရေခမ်းပြီးထမင်းလည်းကျက်ပြီဆိုရင်တော့ အောက်ကဟင်းအနှစ်လေးတွေနဲ့ မျှသွားအောင် ခပ်ဖွဖွလေးမွှေပေးပါ။ဒါဆိုရင်တော့ အရောင်အဆင်းအနံ့ အရသာနဲ့ပြည့်စုံတဲ့ သက်သက်လွတ်သီးစုံဒံပေါက်လေးရပါပြီ။ကြက်သွန်ချဉ် ပဲဟင်းတို့ဖြင့် တွဲဖက်စားသုံးရင်အရမ်းကိုလိုက်ဖက်ပါတယ်နော်။

Source : pipingpotcurry

[Zawgyi]

အာလုံးပဲမဂၤလာပါ။လူႀကိဳက္အမ်ားဆုံးအစားအစာေတြထဲမွာ ဒံေပါက္ကလည္းတစ္ခုအပါအဝင္ပဲျဖစ္ပါတယ္။မ်ားေသာအားျဖင့္ဒံေပါက္ကိုၾကက္သား ၾကက္အသဲျမစ္ ဆိတ္သားစတဲ့ အသားဟင္းလ်ာေတြနဲ႔တြဲဖက္စားရတဲ့ျဖစ္တာေၾကာင့္အသား ဟင္းမစားသူေတြအတြက္ေတာ့ အဆင္မေျပပါဘူး။ဒါေၾကာင့္ဒံေပါက္လည္းႀကိဳက္တယ္ အသားဟင္းေတြနဲ႔လည္းမစားခ်င္ဘူးဆိုသူေတြအတြက္ အရသာရွိတဲ့ သက္သက္လြတ္ဒံေပါက္ခ်က္နည္းေလးမွ်ေဝေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ဒံေပါက္ဆန္ ၁ လုံး
  • ပဲစိမ္းလုံး ၁၀၀ ဂရမ္
  • ပန္းေဂၚဖီ ၈၀ ဂရမ္
  • မုလာဥနီ ၁ ေတာင့္
  • ၾကက္သြန္နီ ၃ လုံး
  • င႐ုပ္သီးစိမ္း ၃ ေတာင့္
  • ၾကက္သြန္ျဖဴ ၄ တက္
  • ပဲေတာင့္ရွည္ ၅ ေတာင့္
  • အာလူး ၂ လုံး
  • ဂ်င္း ၁ တက္
  • ဆားအနည္းငယ္
  • စပ်စ္သီးေျခာက္ ၂ ဇြန္း
  • သီဟိုေစ့ ၂ ဇြန္း
  • နႏြင္းမႈန႔္ ၁ ဇြန္း
  • င႐ုပ္သီးအစိမ္းမႈန႔္စားပြဲတင္ဇြန္း ၂ ဇြန္း
  • ေထာပတ္စားပြဲတင္ဇြန္း၂ ဇြန္း
  • ခရမ္းခ်ဥ္သီး ၁ လုံး
  • ပူစီနံ ၁ စည္း
  • နံနံပင္ ၃ ပင္
  • မဆလာ ၁ ဇြန္း
  • ေလးညႇင္းပြင့္ ၅ ပြင့္
  • ကရေဝး႐ႊက္ ၃ ႐ႊက္
  • ဖာလာ ၁ ဇြန္း
  • သစ္ဂ်ပိုးေခါက္ ၁ ေခ်ာင္း
  • စမုန္စပါး ၁ ဇြန္း
  • နာနတ္ပြင့္ ၃ ပြင့္
  • အုန္းႏို႔ ၁၀၀ မီလီလီတာ
  • ဒိန္ခ်ဥ္ ၃ ဇြန္း
  • ေရ

ျပဳလုပ္နည္းအဆင့္ဆင့္

(၁) အရင္ဆုံးဆန္ကို ၁၀ မိနစ္ခန႔္ေရစိမ္ထားေပးပါ။ဆန္ေရစိမ္ေနစဥ္အတြင္းမွာ ဟင္းသီးဟင္း႐ႊက္ေတြကိုေရေဆးသန႔္စင္ ထားပါ။၁၀မိနစ္ခန႔္ဆန္ကိုေရစိမ္ၿပီးၿပီဆိုရင္ေတာ့ ဇကာတစ္ခုနဲ႔ ေရစစ္ထားေပးပါ။

(၂) ၿပီးရင္ေတာ့ ဒယ္အိုးတစ္ခုအတြင္း ေထာပတ္တစ္ဇြန္းထည့္ၿပီး မီးအေနေတာ္ျဖင့္အပူေပးပါ။ေထာပတ္ေပ်ာ္သြားၿပီဆိုရင္ေတာ့ ကရေဝး႐ႊက္ ဖာလာ နာနတ္ပြင့္ သစ္ဂ်ပိုးေခါက္ စမုန္စပါး ေလးညႇင္းပြင့္နဲ႔ ပါးပါးလွီးထားတဲ့ၾကက္သြန္နီတို႔ ကိုေရာထည့္ၿပီး ဆီသပ္ေပးပါ။၁ မိနစ္ခန႔္ဆီးသပ္ၿပီးရင္ေတာ့ င႐ုပ္ သီးစိမ္း ဂ်င္း ၾကက္သြန္ျဖဴတို႔ကိုေရာထည့္ၿပီး ေမႊေပးပါ။

(၃) ၾကက္သြန္ေတြႂကြပ္ၿပီးေမႊးလာၿပီဆိုရင္ေတာ့ ၁စင္တီမီ တာခန႔္လွီးထားတဲ့ မုန္လာဥနီအတုံးေလးေတြ ပဲေတာင့္ရွည္ အာလူး ခရမ္းခ်ဥ္သီး ပန္းေဂၚဖီ ပဲစိမ္းလုံးေတြကိုေရာထည့္ၿပီးသမေအာင္ေမႊေပးပါ။ ထို႔ေနာက္ႀကိတ္စက္ျဖင့္ႀကိတ္ထားတဲ့ ပူစီနံ႔အႏွစ္ကိုေရာထည့္ၿပီး ၃ မိနစ္ခန႔္တည္ထားေပးရပါမယ္။ဆက္လက္ၿပီး ဒိန္ခ်ဥ္ နႏြင္းမႈန႔္ င႐ုပ္သီးအစိမ္းမႈန႔္ မဆလာဆားအနည္းငယ္တို႔ကိုေရာထည့္ၿပီး ေမႊေပးပါ။

(၄) ထို႔ေနာက္ အုန္းႏို႔ထည့္ၿပီးေမႊးေပးရပါမယ္။အသီးအ႐ႊက္ ေတြလည္းက်က္ၿပီး အနံ႔ေမႊးလာၿပီဆိုရင္ေတာ့ ေရစိမ္ထားတဲ့ ဆန္ကိုအေပၚကေန ျပန႔္ျပန႔္ျပဴးျပဴးျဖန႔္ခင္းလိုက္ပါ။ၿပီးရင္ေတာ့ဒယ္အိုးရဲ႕ေဘးဘက္ကေနကပ္ၿပီး ေရ ၂ ခြက္ခန႔္ထည့္ေပးပါ။ဆက္လက္ၿပီး ေထာပတ္ ၁ ဇြန္း မဆလာအနည္းငယ္ နံနံပင္ စပ်စ္သီးေျခာက္ သီဟိုေစ့တို႔ကိုေရာထည့္ၿပီးအဖုံးအုပ္ကာ ၂၅ မိနစ္ခန႔္ မီးခပ္ ေအးေအးျဖင့္တည္ထားေပးရပါမယ္။

(၅) အခ်ိန႔္ေစ့ၿပီဆိုရင္ေတာ့ အိုးအဖုံးေလးဖြင့္လိုက္ပါ။ေရခမ္းၿပီးထမင္းလည္းက်က္ၿပီဆိုရင္ေတာ့ ေအာက္ကဟင္းအႏွစ္ေလးေတြနဲ႔ မွ်သြားေအာင္ ခပ္ဖြဖြေလးေမႊေပးပါ။ဒါဆိုရင္ေတာ့ အေရာင္အဆင္းအနံ႔ အရသာနဲ႔ျပည့္စုံတဲ့ သက္သက္လြတ္သီးစုံဒံေပါက္ေလးရပါၿပီ။ၾကက္သြန္ခ်ဥ္ ပဲဟင္းတို႔ျဖင့္ တြဲဖက္စားသုံးရင္အရမ္းကိုလိုက္ဖက္ပါတယ္ေနာ္။

Source : pipingpotcurry