ဟင်းသီးဟင်းနှံတွေထဲမှာ ရုံးပတီသီးလည်း ကျန်းမာရေးအာနိသင်တွေ အများကြီးပါရှိပါတယ်။ ရုံးပတီသီးစားပေးခြင်းဖြင့် ဆီးချိုနှုန်းကို ထိန်းပေးခြင်း၊ ဝမ်းချုပ်ခြင်းကို ပျောက်ကင်းစေခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ သွေးထဲရှိကိုလက်စထရောတွေကို လျှော့ချပေးခြင်း၊ ရောဂါခုခံစနစ်ကို အားကောင်စေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစမှာပါ။

ရုံပတီသီးကို တို့စရာအနေနဲ့ ပြုတ်ပြီး သုံးဆောင်ကြသလို တစ်ခါတစ်လေ ဒီတိုင်းကြော်ပီးလည်းစားကြပါတယ်။ ဒီတိုင်းကြီးစားရတာ ရိုးလွန်းလို့ ငြီးငွေ့သွားတဲ့သူတွေအတွက်တော့ လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ ရုံပတီသီး ဒိန်ချဉ်စပ်ကြော်နည်းကိုတင်ပေးလိုက်ပါပြီ။

ပါဝင်ပစ္စည်းများ

  • ရုံးပတီသီး ၁၅ ချောင်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း (၁)ဇွန်း
  • မုန်ညင်းစေ့ လက်ဖက်ရည်ဇွန်း (၁)ဇွန်း
  • ဒိန်ချဉ် ပျစ်ပျစ် စားပွဲတင်ဇွန်း (၂)ဇွန်း
  • ဆီ စားပွဲတင်ဇွန်း(၃)ဇွန်း
  • ဆားအနည်းငယ်

ပြုလုပ်နည်း

မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီထည့်လိုက်ပါ။

ဆီဆူလာတာနဲ့ မုန်ညင်းစေ့ထည့်ပြီး တဖောက်ဖောက် စင်တက်လာတာနဲ့ ပါးပါးလှီးထားတဲ့ ရုံးပတီသီးတွေထည့်ပြီး (၂)မိနစ်လောက်ဆက်တိုက်မွှေပေးပါ။

ဒိန်ချဉ်ထည့်ပြီးမွှေပေးပါ။ မီးပြင်းပြင်းထားပြီး ဒိန်ချဉ်တွေအငွေ့ပျံကာ ရုံးပတီသီးတွေ အညိုရောင်သမ်းတဲ့အထိသေချာမွှေပေးပါ။(ဒိန်ချဉ်ထည့်ပေးခြင်းအားဖြင့် ရုံးပတီသီးကိုပျစ်စေးစေးမဖြစ်စေတော့ပဲ ကြွပ်ရွလာစေပါတယ်။)

နောက်ဆုံးမှာတော့ ငရုတ်သီးနဲ့ ဆားထည့်ပြီး သေချာမွှေပေးပါ။ (ဒီထက်ပိုကြွပ်ရွစေချင်ရင်တော့ ကြာကြာမွှေပေးပါ။)

မီးဖိုပေါ်ကချပြီး အရသာရှိတဲ့ ရုံးပတီသီးဒိန်ချဉ်မွှေကြော်ကို ထမင်းပူပူလေးနဲ့သုံးဆောင်နိုင်ပါပြီ။

Source: yummytummyaarthi.com