နေ့လည်ဘက်မှာပဲ အပျင်းပြေမုန့်လုပ်စားချင်တဲ့သူတွေအတွက် အာလူး၊ မုန်လာဥနီနဲ့ နံနံပင်တို့ကို ရောပြီး သရေစာမုန့်အဖြစ် အရသာရှိရှိလေး အကြော်ကြော်စားနိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

အာလူးအလုံးကြီး ၂ လုံးကို ပြုတ်ပြီးတော့ ခြစ်ပေးပါ။

မုန်လာဥနီ အနေတော်ဆိုဒ်ကို အခွံခွာပြီး သေးသေးလေးတွေဖြစ်အောင် ခြစ်ပေးပါ။

နံနံပင် လက်တစ်ဆုပ်စာကို သေးသေးလေးတွေ လှီးထားပေးပါ။

လှီးထားတဲ့ ၃ မျိုးလုံးကိုရောပြီး ပန်းကန်ထဲထည့်ပါ။

ပြောင်းဂျုံ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာထည့်ပြီး ငရုပ်ကောင်းမှုန့် – အနည်းငယ်နဲ့ ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်စာထည့်ပြီး သမအောင်နယ်ပါ။

ပန်းကန်လုံးထဲကို ပလတ်စတစ်အိတ်ထည့်ပြီး နယ်ထားတာတွေကို ပလတ်စတစ်အိတ်ထဲ ထည့်ပါ။

ပြီးရင်တော့ ထိပ်နားလေးကို ကတ်ကြေးနဲ့ညှပ်ပါ။

အိတ်ကိုညှစ်ပြီး ဆီအိုးထဲကို ကတ်ကြေးနဲ့ ညှပ်ချပြီး ကြော်ပေးပါ။

ကြော်တာရပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး ကိုယ်ကြိုက်နှစ်သက်ရာအချဉ်နဲ့ တို့စားနိုင်ပါပြီ။

Source: www.toasted