အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ စင်္ကာပူစတိုင်လ် အသီးအရွက် ကြာဇံကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ကြာဇံ ၃ယောက်စာ
- Shiitake မှို အနည်းငယ်
- ငရုတ်ပွသီး ၁ လုံး
- မုန်လာဥနီ အနေတော် ၁ လုံး
- မုန်ညှင်းဖြူအနည်းငယ်
- ပန်းမုန်လာအနည်းငယ်
- ကြက်သွန်မြိတ်အနည်းငယ်
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- မဆလာမှုန့်အနည်းငယ်
- ဆား အနည်းငယ်
- သကြား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်
- ဆီ
- ကြက်သွန်ဖြူ ၂ မွှာ
- ဝိုင် အနည်းငယ်
- ရေနွေး စားပွဲတင်ဇွန်း ၂ ဇွန်း-၃ဇွန်း
ပြုလုပ်နည်း
ပန်းကန်အကြီးထဲမှာ ကြာဇံထည့်လိုက်ပြီး ရေနွေး ၈ ခွက်နဲ့ မိနစ် ၃၀ ကနေ ၄၅ မိနစ်ခန့်ထားပါ။ အဲဒီနောက် ရေဆစ်ပေးလိုက်ပါ။
အသီးအရွက်တွေကို ပြင်ဆင်ပါ။
ဆီနည်းနည်းထည့်ပြီး ကြက်သွန်ဖြူထည့်လိုက်ပါ။
အနံ့လေးမွှေားလာရင်တော့ မှို၊ ငရုတ်ပွသီး၊ မုန်လာဥနီ၊ မုန်ညှင်းဖြူ၊ ပန်းဂေါ်ဖီ၊ ကြက်သွန်မြိတ်တို့ကိုထည့်ပြီးမွှေပေးလိုက်ပါ။
အဲဒီနောက် ကျန်တဲ့ ပါဝင်ပစ္စည်းတွေကိုထည့်ပေးလိုက်ပါ။
အားလုံးရပြီ နူးလာပြီဆိုရင်တော့ ကြာဇံထည့်ပြီးတော့ ကြော်ပေးလိုက်ပါ။ ကြာဇံက ခြောက်နေရင် ရေနွေး စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ထည့်ပါ။
အငွေ့လေးထွက်လာပြီးဆိုရင်တော့ ရပါပီနော်။
Source: www.thewokoflife.com
By: MyFood Myanmar