အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ခွက်ပုံသဏ္ဍာန် ပြုလုပ်ထားတဲ့ ကြက်ဥပေါင်မုန့်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့်လုံး အသေး ၄ လုံး
  • ကြက်ဥ ၄ လုံး
  • ငရုတ်ပွ ၂ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ခရမ်းချဉ်သီး ၁ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ချိစ် အနည်းငယ် (အချောင်းသေးသေးလေးများ လှီးဖြတ်ထားပါ)

  • ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥများကို မွှေခလောက်ထားပါ။ ထို့နောက် ငရုတ်ပွ၊ ခရမ်းချဉ်သီး၊ ချိစ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေလိုက်ပါ။

၂။ ပေါင်မုန့်လုံးငယ်များကို အလယ်တည့်တည့်ကနေ ထက်ခြမ်း ခြမ်းထားပါ။ ထို့နောက် ပေါင်မုန့်ကို ခွက်ပုံသဏ္ဍာန် ဖြစ်သွားဖို့ရန်အတွက် ပေါင်မုန့်ကို အလယ်တည့်တည့်ကနေ ဖိပေးလိုက်ပါ။

၃။ ထိုပေါင်မုန့်ခွက်ငယ်လေးထဲသို့ ကြက်ဥ ချိစ် အရောအနှောများ လောင်းထည့်လိုက်ပါ။

၄။ ထို့နောက် ထိုပေါင်မုန့်များကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် အပူပေးထားသော Oven ထဲထည့်ကာ ၁၀ မိနစ်ခန့် အပူပေးလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက ထိုပေါင်မုန့်များကို ခဲဖတ်ဖြင့် အုပ်ကာ Oven ထဲတွင် နောက်ထပ် ၁၅ မိနစ်ခန့် အပူပေးလိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားပါက အရသာရှိတဲ့ ခွက်ပုံသဏ္ဍာန် ကြက်ဥပေါင်မုန့်များ ရရှိသွားပါပြီ။

Source: Cooktoria.com