(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော်ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာဝေမျှပေးချင်တဲ့ ထမင်းကြော်ကတော့ သီးစုံထမင်းကြော် ကြော်နည်းပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငရုတ်ပွအနီတစ်တောင့်နှင့် ငရုတ်သီး ခပ်ရှည်ရှည် တစ်တောင့်
- အာလူး တစ်ခြမ်း
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဝက်
- ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ငရုတ်ပွအနီကို အကွင်းလိုက် ပါးပါးလှီးဖြတ်ထားပါ။ ငရုတ်သီးတောင့်နှင့် အာလူးကိုလည်း အန်စာတုံးပုံသဏ္ဍာန် အတုံးငယ်လေး လှီးဖြတ်လိုက်ပါ။
၂။ အိုးတစ်လုံးထဲ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ငရုတ်ပွ၊ ငရုတ်သီးတောင့်နှင့် အာလူးတို့ကို အိုးထဲထည့်ကာ ၂ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။ ၂ မိနစ်ပြည့်ပါက ပန်းကန်ထဲသို့ ဆယ်ထည့်ထားပါ။
၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ထမင်း ပန်းကန်လုံးတစ်လုံးစာကို ထည့်ကြော်ပေးလိုက်ပါ။ ထမင်းစေ့များ တစ်စေ့နဲ့တစ်စေ့ သပ်သပ်စီဖြစ်သွားပါက ပန်းကန်ထဲသို့ ခပ်ထည့်ထားပါ။
၄။ ထို့နောက်ထိုဒယ်အိုးထဲသို့ ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်းတစ်ဝက်ထည့်ပါ။ ငရုတ်ပွ၊ ငရုတ်သီးတောင့်နှင့် အာလူးတို့ထည့်ပြီး တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ထမင်းထည့်ပါ။ ပဲငံပြာရည်၊ ဆားနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး သမအောင် ရောကြော်ပေးလိုက်ပါ။
၅။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ သီးစုံထမင်းကြော်လေးရရှိသွားပါပြီ။ ပူပူနွေးနွေးနဲ့ အရသာရှိရှိသုံးဆောင်လိုက်ပါ။
Source: Chinasichuanfood.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ထမင္းေၾကာ္ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဒီတစ္ခါမွာေဝမွ်ေပးခ်င္တဲ့ ထမင္းေၾကာ္ကေတာ့ သီးစံုထမင္းေၾကာ္ ေၾကာ္နည္းပဲျဖစ္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ငရုတ္ပြအနီတစ္ေတာင့္ႏွင့္ ငရုတ္သီး ခပ္ရွည္ရွည္ တစ္ေတာင့္
- အာလူး တစ္ျခမ္း
- ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း တစ္ဝက္
- ၾကက္သြန္ၿမိတ္ ၁ ပင္ (ပါးပါးလွီးထားပါ)
- ပဲငံျပာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းႏွင့္ ဆား လက္ဖက္ရည္ဇြန္း တစ္ဝက္
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ငရုတ္ပြအနီကို အကြင္းလိုက္ ပါးပါးလွီးျဖတ္ထားပါ။ ငရုတ္သီးေတာင့္ႏွင့္ အာလူးကိုလည္း အန္စာတံုးပံုသ႑ာန္ အတံုးငယ္ေလး လွီးျဖတ္လိုက္ပါ။
၂။ အိုးတစ္လံုးထဲ ေရထည့္ၿပီး ပြက္ပြက္ဆူေအာင္ တည္ထားလိုက္ပါ။ ပြက္ပြက္ဆူလာပါက ငရုတ္ပြ၊ ငရုတ္သီးေတာင့္ႏွင့္ အာလူးတို႔ကို အိုးထဲထည့္ကာ ၂ မိနစ္ခန္႔ ျပဳတ္ေပးလိုက္ပါ။ ၂ မိနစ္ျပည့္ပါက ပန္းကန္ထဲသို႔ ဆယ္ထည့္ထားပါ။
၃။ ဒယ္အိုးတစ္လံုးကို အပူေပးၿပီး ထမင္း ပန္းကန္လံုးတစ္လံုးစာကို ထည့္ေၾကာ္ေပးလိုက္ပါ။ ထမင္းေစ့မ်ား တစ္ေစ့နဲ႔တစ္ေစ့ သပ္သပ္စီျဖစ္သြားပါက ပန္းကန္ထဲသို႔ ခပ္ထည့္ထားပါ။
၄။ ထို႔ေနာက္ထိုဒယ္အိုးထဲသုိ႔ ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္းတစ္ဝက္ထည့္ပါ။ ငရုတ္ပြ၊ ငရုတ္သီးေတာင့္ႏွင့္ အာလူးတို႔ထည့္ၿပီး တစ္မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။ ထို႔ေနာက္ ထမင္းထည့္ပါ။ ပဲငံျပာရည္၊ ဆားႏွင့္ ၾကက္သြန္ၿမိတ္တို႔ထည့္ၿပီး သမေအာင္ ေရာေၾကာ္ေပးလိုက္ပါ။
၅။ အရသာအေပါ့အငန္ျမည္းၾကည့္ၿပီးတဲ့ေနာက္မွာေတာ့ အရသာရွိတဲ့ သီးစံုထမင္းေၾကာ္ေလးရရွိသြားပါၿပီ။ ပူပူေႏြးေႏြးနဲ႔ အရသာရွိရွိသံုးေဆာင္လိုက္ပါ။
Source: Chinasichuanfood.com