အသီးအရွက်တွေကိုရောပြီး သားရေစာမုန့်အဖြစ်နဲ့ကြော်စားလို့ရမယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် မုန်လာဥနီ – ၃ လုံးကို အခွံတွေခြစ်ချပြီး အတုံးတွေတုံးကာ Blander ထဲထည့်ပါ။ ဂေါ်ဖီပန်းပွင့် – ၁ ခြမ်းကိုလည်း လှီးပြီး Blander ထဲထည့်ပါ။ ပန်းဂေါ်ဖီစိမ်း – ၁ ပွင့်ကိုလည်း Blander ထဲထည့်ပါ။

နုတ်နုတ်ဆင်းထားတဲ့ကြက်သွန်ဖြူ – ၂ တက်၊ ကြက်ဥ – ၁ လုံး၊ ကြက်သွန်နီအမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး မွှေပါ။ မွှေပြီးတာနဲ့ Bread Crumbs – တစ်ခွက်ခွဲစာထည့်ပြီး ထပ်မွှေပါ။ ရလာတာတွေကို တစ်ဇွန်းစာယူပြီး ပုံမှာပြထားတဲ့အတိုင်း လက်နဲ့ပုံသွင်းပေးပါ။ ပြီးရင်တော့ ဆီအိုးထဲကို ဆီနည်းနည်းလေးထည့်ပြီး ကြော်ပေးပါ။

ကြော်ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး အချဉ်နဲ့တို့စားနိုင်ပါပြီ။ ဒါဆိုရင်တော့ သရေစာအသီးအရွက်ကြော်ကို ရရှိသွားပါပြီ။

Photo Source: www.tasty.com