အားလုံးပဲ မင်္ဂလာပါ။ MyFood Myanmar မှာ ကိုရီးယားဟင်းလျာများ၊ တရုတ်ဟင်းလျာများ အစရှိတဲ့ ဟင်းလျာအမျိုးမျိုးကို ဝေမျှပေးခဲ့ပြီးသွားပါပြီ။ ဒီတစ်ခါမှာတော့ ဗီယက်နမ်စတိုင်လ် ဟင်းလျာတစ်မျိုးဖြစ်တဲ့ ဝက်သားပြားကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သားပြား ၄ ပြား
  • စပါးလင် ၂ ပင်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ဆီအနည်းငယ်နှင့် ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

စပါးလင်ကို နုတ်နုတ်စင်းထားပြီးနောက် ပန်းကန်လုံးတစ်လုံးထဲတွင် ငါးငံပြာရည်၊ ရှာလကာရည်၊ သကြား၊ ဆား၊ ငရုတ်ကောင်မှုန့်၊ ကြက်သွန်ဖြူနှင့် စပါးလင်တို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။ ရေ စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

ရောမွှေထားသော အရည်များကို ဝက်သားပြားပေါ် လောင်းချလိုက်ပါ။ ထိုပန်းကန်ပြားကို ပလစ်စတစ်အုပ်ပြီးနောက် ရေခဲသေတ္တာထဲတွင် မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။

မိနစ် ၃၀ ပြည့်သွားပါက ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဝက်သားပြားများကို ထည့်ကြော်လိုက်ပါ။

ဝက်သားပြား တစ်ခြမ်းစီကို လေးမိနစ်ခန့် ကြော်ပေးရပါမယ်။ ဝက်သားပြားများ အညိုရောင် ပြောင်းသွားပါက စောစောက စိမ်ထားသော အရည်များကို ဒယ်အိုးထဲ လောင်းထည့်လိုက်ပါ။ အရည်များ ပျစ်သွားတဲ့အထိ ကြော်ပေးရပါမယ်။

ထို့နောက် ရရှိလာတဲ့ဝက်သားပြားကို ထမင်းပန်းကန်ထဲထည့်ကာ ကြက်သွန်မြိတ်အနည်းငယ် ဖြူးပြီးနောက် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: thespruceeats.com