အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အုန်းရည်ရဲ့အချိုဓာတ်လေး စိမ့်ဝင်နေအောင် ထည့်ချက်ထားတဲ့ ငုံးဥပြုတ် ဝက် သုံးထပ်သားဟင်းလျာလေးပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငုံးဥ ၁၀ လုံး (ကြက်ဥ သို့မဟုတ် ဘဲဥတို့ကိုလည်း အသုံးပြုနိုင်ပါတယ်)
  • ဝက် သုံးထပ်သား ၁ ကီလိုဂရမ်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၆ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၅ ဇွန်း
  • အုန်းရည် ၁ လီတာ

  • ရေ စားပွဲတင်ဇွန်း ၁၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငုံးဥများကို ရေထဲထည့်ပြီး ၁၂ မိနစ်ခန့် ပြုတ်လိုက်ပါ။

သတ်မှတ်ချိန်ပြည့်ပါက အအေးခံပြီး အခွံခွာထားပါ။

၂။ ဝက် သုံးထပ်သားကို ၂ လက်မပတ်လည်အတုံး လှီးဖြတ်ထားပါ။

၃။ ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် သကြားထည့်ပါ။ ထို့နောက် ရေ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပေးပါ။

ရေများအားလုံး ကုန်သွားသည်အထိ တစ်ဇွန်းချင်းစီထည့်ပါ။ မွှေပေးရပါမယ်။ နောက်ဆုံးမှာတော့ အညိုရောင်သကြားရည်လေး ရရှိသွားပါလိမ့်မယ်။

၄။ ထို့နောက် ငါးငံပြာရည်ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ငုံးဥပြုတ်များထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ မွှေပေးပါ။

ပြီးရင်တော့ ပန်းကန်လုံးထဲ ပြောင်းထည့်ပေးလိုက်ပါ။

၅။ ထိုဒယ်အိုးထဲသို့ပင် ဝက်သားများထည့်ပြီး အညိုရောင်ပြောင်းသွားသည်အထိ မွှေပါ။

၆။ ထို့နောက် အုန်းရည်ထည့်ပါ။ အိုးအဖုံး အနည်းငယ်ဟထားပြီး မိနစ် ၂၀ ခန့် ပွက်ပွက်ဆူလာအောင် တည်ပါ။

၇။ သတ်မှတ်ချိန်ပြည့်ပါက ငုံးဥများကို အိုးထဲ ပြန်ထည့်ပြီး ၁၀ မိနစ်ခန့် (သို့) ဝက်သားများ နူးအိသွားသည်အထိ တည်ပေးလိုက်ပါ။

ဝက်သားများ နူးအိသွားပြီဆိုရင်တော့ အရသာရှိတဲ့ ငုံးဥ ဝက် သုံးထပ်သားဟင်းလျာလေး ရရှိသွားပါပြီ။

Source: Wokandkin.com