အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာ ပုစွန်ဟင်း ကြိုက်နှစ်သက်သူများအတွက် ငရုတ်သီးမှုန့် စပ်စပ်လေးနဲ့ ငါးငံပြာရည်တို့ ထည့်ချက်ထားတဲ့ ဗီယက်နမ်ရိုးရာ ပုစွန်ဟင်းချက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

  • ကြက်သွန်နီ ၁ ဥ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၅ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ပုစွန် ၂ ပေါင် (အခွံခွာပြီး ရေစင်အောင် ဆေးကြောထးပါ)
  • ကြက်သွန်မြိတ် ၃ ပင် (အဖြူနှင့် အစိမ်းကို သပ်သပ်စီ လှီးဖြတ်ထားပါ)
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ငါးငံပြာရည်၊ သကြားညို၊ ငရုတ်သီးမှုန့်နှင့် ရေတို့ကို သမအောင် ရောမွှေထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ကာ ကြက်သွန်များ ပျော့သွားသည်အထိ ဆီသတ်ပါ။

၃။ ထို့နောက် ကြက်သွန်ဖြူထည့်ပြီး မိနစ်အနည်းငယ်ခန့် ဆီသတ်ပါ။

၄။ ပုစွန်များ ထပ်ထည့်ကာ ပုစွန်များ ပန်းရောင် ပြောင်းသွားသည်အထိ မွှေပေးလိုက်ပါ။

၅။ ထို့နောက် စောစောကမွှေထားသော ငါးငံပြာရည်အရောအနှောကို ဒယ်အိုးထဲ လောင်းထည့်ပြီးနောက် ပုစွန်များ ကျက်သွားသည်အထိ တည်ပေးလိုက်ပါ။

၆။ ဆော့စ်အရည်ကလည်း ခမ်းသွားပြီ ပုစွန်လည်း ကျက်သွားပြီဆိုရင်တော့ ကြက်သွန်မြိတ်နှင့် နံနံပင်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ဗီယက်နမ်စတိုင်လ် ပင်လယ်စာပုစွန်ဟင်းတစ်ခွက် ရရှိသွားပါပြီ။

Source: Onceuponachef.com