အားလုံးပဲ မင်္ဂလာပါ။ ရိုးရာအစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဗီယက်နမ်စတိုင်လ် ဝက်သားစဉ်းကောကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- မြေပဲဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- ကြက်သွန်နီ တစ်ခြမ်း (လေးထောင့်အတုံးငယ် တုံးထားပါ)
- နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
- ငရုတ်သီးတောင့် ၁ တောင့်
- ဝက်သား ၅၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
- သကြားညို စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
- ပါးပါးလှီးထားသော ငရုတ်သီးအနီတောင့်၊ ခရမ်းချဉ်သီးနှင့် သခွားသီး (မထည့်လည်း ရပါတယ်)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။
၂။ ဆီပူလာပါက ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်တို့ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။
၃။ ထို့နောက် ဝက်သားများထည့်ကာ ၂ မိနစ် မွှေကြော်လိုက်ပါ။
၄။ သကြားနှင့် ငါးငံပြာရည်တို့ထည့်ကာ ၂ မိနစ်ခန့် ရောကြော်ပါ။ ထို့နောက် စက္ကန့် ၃၀ ခန့် မမွှေဘဲ ဒီအတိုင်း တည်ထားလိုက်ပါ။
၅။ ဒါဆိုရင်တော့ အရသာရှိတဲ့ ဗီယက်နမ်စတိုင်လ် ဝက်သားစဉ်းကောကြော်လေး ရရှိသွားပါပြီ။
ထမင်းပန်းကန်ထဲသို့ ဝက်သားစဉ်းကောများ အနည်းငယ်ထည့်ကာ ပါးပါးလှီးထားသော ငရုတ်သီး၊ ပါးပါးလှီးထားသော ခရမ်းချဉ်သီးနှင့် ပါးပါးလှီးထားသော သခွားသီးတို့ဖြင့် လှလှပပ အလှဆင်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
Source: Recipetineats.com