အားလုံးပဲ မင်္ဂလာပါ။ ရိုးရာအစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဗီယက်နမ်စတိုင်လ် ဝက်သားစဉ်းကောကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မြေပဲဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ကြက်သွန်နီ တစ်ခြမ်း (လေးထောင့်အတုံးငယ် တုံးထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးတောင့် ၁ တောင့်

  • ဝက်သား ၅၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • သကြားညို စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ငရုတ်သီးအနီတောင့်၊ ခရမ်းချဉ်သီးနှင့် သခွားသီး (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။

၂။ ဆီပူလာပါက ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်တို့ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။

၃။ ထို့နောက် ဝက်သားများထည့်ကာ ၂ မိနစ် မွှေကြော်လိုက်ပါ။

၄။ သကြားနှင့် ငါးငံပြာရည်တို့ထည့်ကာ ၂ မိနစ်ခန့် ရောကြော်ပါ။ ထို့နောက် စက္ကန့် ၃၀ ခန့် မမွှေဘဲ ဒီအတိုင်း တည်ထားလိုက်ပါ။

၅။ ဒါဆိုရင်တော့ အရသာရှိတဲ့ ဗီယက်နမ်စတိုင်လ် ဝက်သားစဉ်းကောကြော်လေး ရရှိသွားပါပြီ။

ထမင်းပန်းကန်ထဲသို့ ဝက်သားစဉ်းကောများ အနည်းငယ်ထည့်ကာ ပါးပါးလှီးထားသော ငရုတ်သီး၊ ပါးပါးလှီးထားသော ခရမ်းချဉ်သီးနှင့် ပါးပါးလှီးထားသော သခွားသီးတို့ဖြင့် လှလှပပ အလှဆင်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Recipetineats.com