ကော်ဖီချစ်သူတို့အတွက် အရသာသစ်လွင်ပြီး သောက်နေကျကော်ဖီအရသာမျိုးနဲ့ မတူတဲ့ ဗီယက်နမ်ရိုးရာ ကြက်ဥကော်ဖီဖျော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကော်ဖီအကြမ်းမှုန့် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကော်ဖီဖျော်ရန် နို့ဆီနှင့် သကြားအနည်းငယ်
  • ကြက်ဥ အနှစ် ၂ လုံး
  • အုန်းနို့ခရင်မ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • Vanilla Extract လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ကော်ဖီအကြမ်းမှုန့်ကို နို့ဆီ၊ သကြားတို့ဖြင့် ဖျော်ထားလိုက်ပါ။ ဖျော်ပြီးပါက အနယ်အနှစ်များကို ဖယ်ရှားဖို့အတွက် ဆန်ခါဖြင့် စစ်ချထားလိုက်ပါ။

၂။ ပန်းကန်လုံး တစ်လုံးထဲတွင် ကြက်ဥအနှစ်၊ အုန်းနို့ခရင်မ်၊ သကြားနှင့် Vanilla တို့ထည့်ကာ လက်ကိုင်ဖျော်စက်ဖြင့် အမြှုပ်များထလာသည်အထိ ဖျော်ပေးလိုက်ပါ။

လက်ကိုင်ဖျော်စက်မရှိပါကလည်း ရိုးရိုးဇွန်းဖြင့် အမြှုပ်များထလာသည်အထိ မွှေပေးလိုက်လို့ရပါတယ်။

၃။ စောစောကဖျော်ထားသော ကော်ဖီကို ဖန်ခွက် ၂ ခွက်စီတွင် အညီအမျှ ခွဲထည့်လိုက်ပါ။ ထို့နောက် အမြှုပ်များထနေသော ကြက်ဥခရင်မ်များကို ကော်ဖီပေါ်သို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဗီယက်နမ်ရိုးရာ ကြက်ဥကော်ဖီလေး ရရှိသွားပါပြီ။

Source: Thesophisticatedcaveman.com