အားလုံးပဲ မင်္ဂလာပါ။ နိုင်ငံတကာအစားအစာ နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဗီယက်နမ်စတိုင်လ် ကြက်တောင်ပံမီးဖုတ်ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

  • ကြက်တောင်ပံ ၇ ခု
  • ခရုဆီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၈ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူမှုန့် စားပွဲတင်ဇါန်း ၂ ဇွန်း

  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ခရုဆီ၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ဟင်းချက်ဝိုင်၊ ခရုဆီနှင့် ငါးငံပြာရည်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၂။ ထို့နောက် ကြက်တောင်ပံများကို စောစောက ခရုဆီအရောအနှောများဖြင့် သမအောင် နယ်လိုက်ပါ။ ထို့နောက် အနည်းဆုံး မိနစ် ၃၀ (သို့) တစ်ည ကြာသည်အထိ ရေခဲသေတ္တာထဲ နှပ်ထားလိုက်ပါ။

၃။ Oven ကို ၄၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

လင်ဗန်းကို ဆီစုပ်စက္ကူ ခံထားပြီးနောက် ကြက်တောင်ပံများထည့်ကာ Oven ထဲတွင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ဖုတ်လိုက်ပါ။

သတ်မှတ်ချိန်ပြည့်ပါက အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ဖုတ်လိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ဗီယက်နမ်စတိုင်လ် ကြက်တောင်ပံမီးဖုတ်လေး ရရှိသွားပါပြီ။

Source: Vickypham.com