အားလုံးပဲ မင်္ဂလာပါ။ ဝက်နံရိုးကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဗီယက်နမ်စတိုင်လ် ကြော်ထားတဲ့ ဝက်နံရိုးကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၂ ပေါင်
  • ဆား စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးများကို အနေတော်အတုံး လှီးဖြတ်ထားပြီးနောက် ဆား စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ရေအေးဖြင့် ပြန်လည်ဆေးကြောပါ။ ပြီးရင်တော့ ရေခြောက်အောင် ပြန်သုတ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ဝက်နံရိုးများထည့်ပါ။ ထို့နောက် ကျန်ရှိနေသော ဆား၊ သကြား၊ ကြက်သွန်ဖြူမှုန့်၊ ငရုတ်ကောင်းမှုန့်၊ မုန့်ဖုတ်ဆိုဒါတို့ ထည့်ကာ သမအောင် နယ်လိုက်ပါ။ ထို့နောက် မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။ ဆီပူလာပါက ဝက်နံရိုးများထည့်ကာ ၄ မိနစ်မှ ၆ မိနစ်ခန့် ကြော်လိုက်ပါ။

၄။ ထို့နောက် ရေ စားပွဲတင်ဇွန်း ၄ ဇွန်းခန့် ထည့်ကာ ဒယ်အိုးအဖုံးအုပ်ထားပြီး ၅ မိနစ်၊ ၇ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက ဝက်နံရိုးများ နူး မနူးစစ်ကြည့်လိုက်ပါ။ မနူးအိသေးဘူးဆိုရင်တော့ ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

မီးဖိုပေါ်က ချခါနီးမှာတော့ ကြက်သွန်မြိတ်လေး ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဗီယက်နမ်စတိုင်လ် ဝက်နံရိုးကြော်လေး ရရှိသွားပါပြီ။

Source: Vickypham.com