အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဗီယက်နမ်စားသောက်ဆိုင်တွေမှာ အရောင်းရဆုံးအစားအစာတစ်ခုဖြစ်တဲ့ ဗီယက်နမ်စတိုင်လ် ဝက်သားပြားကင် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား အနည်းငယ်
  • စပါးလင် ၃ ပင် (၄ လက်မခန့် လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)

  • သကြား စားပွဲတင်ဇွန်း ၅ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဝက်သားပြား ၆၈၀ ဂရမ် (၁ ပေါင်ခွဲ)

ပြုုလုပ်နည်း အဆင့်ဆင့်

၁။ ငရုတ်ကောင်းစေ့များကို ငရုတ်ဆုံထထည့်ပြီး ဆားအနည်းငယ်ဖြင့် ထောင်းလိုက်ပါ။

စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ သကြားတို့ထည့်ကာ ညှက်နေအောင် ထည့်ထောင်းလိုက်ပါ။

၂။ ညှက်နေအောင် ထောင်းထားသော ကြက်သွန်အရောအနှောများကို ပန်းကန်လုံးအကြီးထဲထည့်ပါ။ ငါးငံပြာရည်နှင့် ဟင်းသီးဟင်းရွက်ဆီတို့ထည့်ကာ သမအောင် မွှေပါ။

ထို့နောက် ဝက်သားပြားများထည့်ကာ သမအောင် ရောနယ်လိုက်ပါ။ ရရှိလာတဲ့ ဝက်သားပြားများကို အလုံပိတ်အိတ်ထဲ ထည့်ပြီးနောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး မိနစ် ၃၀ မှ ၃ နာရီကြာသည်အထိ နှပ်ထားလိုက်ပါ။

၃။ ထို့နောက် အကင်မီးဖို (သို့) အကင်ဒယ်အိုးကို အပူပေးပြီးနောက် ဆီ အနည်းငယ် သုတ်လိမ်းထားလိုက်ပါ။

ဝက်သားပြားကို ၅ မိနစ်ခန့် ကင်လိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၅ မိနစ်ခန့် ထပ်ကင်ပေးလိုက်ပါ။

အားလုံးကင်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဗီယက်နမ်စတိုင်လ် ဝက်သားကင်လေး ရရှိသွားပါပြီ။

Source: Seriouseats.com