အသီးမှာ သရက်၊ အသားမှာ ဝက် ဆိုတဲ့ စကားပဲ မြန်မာလူမျိုးများ နှစ်ခြိုက်စွာ စားသုံးတဲ့ဟင်းလျာတွေထဲမှာ ဝက်သားဟင်းကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါ့ကြောင့် ဝက်သားဟင်းကြိုက်နှစ်သက်သူများအတွက် စပါးလင်ရနံ့ သင်းသင်းလေးနဲ့ အရသာရှိတဲ့ ဝက် သုံးထပ်သားဟင်း ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၁ ပေါင်
  • ကြက်သွန်ဖြူ ၅ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်နီ ၃ ဥ (နုပ်နုပ်စဉ်းထားပါ)
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • စပါးလင် ၅ ပင်
  • ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက် သုံးထပ်သားကို မိမိစိတ်ကြိုက်အရွယ်အစား လှီးဖြတ်ထားပါ။

ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးငံပြာရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် နှပ်ထားပါ။

၂။ စပါးလင်ရဲ့ အပြင်လွှာများကို ဖယ်ရှားထားပါ။ ထို့နောက် ဒေါင်ဖြတ်မျဉ်းအလိုက် ပါးပါး ပါးပါးလှီးထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ထို့နောက် ပါးပါးလှီးထားသော စပါးလင်များထည့်ကာ အနံ့မွှေးလာသည်အထိ မွှေကြော်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ဝက်သားများထည့်ကာ စပါးလင်နဲ့ ရောကြော်လိုက်ပါ။

မိနစ်အနည်းငယ်ကြာတိုင်း တစ်ကြိမ်စီ မွှေကြော်ပါ။ စုစုပေါင်း ကြာချိန် မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ကြော်ပေးရပါမယ်။

၅။ စပါးလင်များ ကြွပ်သွားပြီး ဝက်သားများ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးရပါမယ်။ အရသာမြည်းစမ်းကြည့်ပြီးနောက်မှာတော့ လိုအပ်ပါက ငါးငံပြာရည်နှင့် သကြားတို့ ထပ်ထည့်နိုင်ပါတယ်။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သုံးထပ်သားအကြွပ်ကြော်လေး ရရှိသွားပါပြီ။

Source: Delightfulplate.com