အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ဗီယက်နမ်စတိုင်လ် ဝက်သားပြားကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (နုပ်နုပ်စဉ်းထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသော ဝက်သားများထည့်ပါ။ ထို့နောက် သကြား၊ ခရုဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နှမ်းဆီတို့ထည့်ကာ သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

ပိုအရသာရှိချင်ပါက ရေခဲသေတ္တာထဲထည့်ကာ တစ်ညခန့် နှပ်ထားလိုက်ပါ။

၂။ သတ်မှတ်ချိန်ပြည့်အောင် နှပ်ပြီးတဲ့အခါမှာတော့ ဝက်သားပြားများဖြစ်အောင် လုံးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ ထည့်ပါ။ ဆီပူလာပါက ဝက်သားပြားများ ထည့်ကာ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၃ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

အသားပြားများ အားလုံးကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ဗီယက်နမ်စတိုင်လ် ဝက်သားပြားကြော်လေး ရရှိသွားပါပြီ။

ထမင်း၊ သခွားသီး၊ ဆလပ်ရွက်တို့နဲ့ အရသာရှိရှိတို့စားကာ အားရပါးရ သုံးဆောင်နိုင်ပါပြီ။

Source: Vickypham.com