အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ရိုးရာဟင်းလျာလေးကတော့ ဗီယက်နမ်ရိုးရာ ဝက်သားပြားကြော်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းမျျား

  • ဝက်သားပြား ၄ ပြား
  • စပါးလင် ၂ ပင်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြော်ရန် ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စပါးလင်များကို ပါးပါးလှီးပြီးနောက် ပန်းကန်လုံးတစ်လုံးထဲတွင် ထည့်ကာ ငါးငံပြာရည်၊ ပဲငံပြာရည်၊ ရှာလကာရည်၊ သကြား၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။ ရေ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ထပ်မွှေပေးရပါမယ်။

၂။ ဝက်သားပြားများပေါ်သို့ စောစောက ဖျော်ထားသော ဆော့စ်များ လောင်းထည့်ကာ ပလပ်စတစ်အိတ်ဖြင့် လုံအောင် ပတ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဝက်သားပြားများ ထည့်ကြော်လိုက်ပါ။ (ဒယ်အိုးက သေးပါက ဝက်သားပြားများကို ခွဲကြော်ပေးလိုက်ပါ)

၄။ (၄) မိနစ်ကြာအောင် ကြော်ပြီးတဲ့နောက်မှာ ဝက်သားတစ်ခြမ်းက အညိုရောင် ပြောင်းသွားပါလိမ့်မယ်။ နောက်တစ်ခြမ်းလှန်ကာ နောက်ထပ် ၄ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။ ဝက်သားများအားလုံး အညိုရောင် ပြောင်းသွားပါက စောစောက ဝက်သားနယ်ထားသော ဆော့စ်များ လောင်းထည့်ကာ မီးအပူချိန်ကို လျော့လိုက်ပါ။

၅။ ဆော့စ်အရည် ပျစ်အောင် တည်ပြီးသွားတဲ့နောက်မှာတော့ ဝက်သားအိုးကို မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ဗီယက်နမ်ရိုးရာ ဝက်သားပြားကြော်ဟင်းလျာလေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Thespruceeats.com