အားလုံးပဲ မင်္ဂလာပါ။ အခုဖော်ပြပေးမယ့် ဝက်သား အမဲသား နှစ်မျိုးစပ် အသားလုံးကြော်က ဗီယက်နမ်ရိုးရာ ဟင်းလျာတစ်မျိုးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ကြက်သွန်မြိတ် ၃ ပင် (နုပ်နုပ်စဉ်းထားပါ)
  • သံပုရာသီး ၂ လုံး (သံပုရာသီးကို ရေဆေးပြီး သံပုရာခွံကို ဓားဖြင့် မွှန်းပြီး သံပုရာခွံအမျှင်လေးတွေရအောင် ပြုလုပ်ပါ)
  • ပင်စိမ်းရွက် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် နံနံပင် စားပွဲတင်ဇွန်း ၃ ဇွန်း
  • အမဲသား ၃၄၀ ဂရမ်နှင့် ဝက်သား ၃၄၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • Panko ပေါင်မုန့် အကြေအစများ ၁၂၀ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥ၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ ကြက်သွန်မြိတ်၊ သံပုရာသီးအခွံ၊ နံနံပင်နှင့် ပင်စိမ်းရွက်တို့ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

၂။ အမဲသား၊ ဝက်သားနှင့် Panko ပေါင်မုန့်အမှုန်လေးများထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ အသားအရောအနှောကို အလုံးသေးသေးလေးများ လုံးပြီးနောက် လင်ဗန်းပေါ် တင်ထားလိုက်ပါ။

၄။ Oven အသုံးပြုမယ့်သူများကတော့ ထိုအသားဗန်းကို Oven ထဲတွင် ၂၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။ ၁၂ မိနစ်၊ ၁၃ မိနစ်ခန့်ကြာပြီးနောက်မှာ အသားလုံးများကို အခြားတစ်ဖက်သို့လှန်ကာ Oven ထဲတွင် ဆက်လက်အပူပေးထားပါ။

ရိုးရိုးအကြော်ဒယ်အိုးအသုံးပြုမယ့်သူများအနေနဲ့ကတော့ ဒယ်အိုးကို အပူပေးပြီး ဆီများများထည့်ထားပါ။ ဆီပူလာပါက အသားလုံးများထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးရပါမယ်။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ကြော်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဝက်သားနှင့် အမဲသား နှစ်မျိုးစပ် အသားလုံးကြော်လေး ရရှိသွားပါပြီ။

Source: Onceuponachef.com