ကော်ဖီနဲ့ ဒိန်ချဉ် နှစ်မျိုးစလုံးကို ကြိုက်နှစ်သက်သူများအတွက် အရသာအသစ်အဆန်း မြည်းစမ်းကြည့်နိုင်ဖို့အတွက် ဒိန်ချဉ်ကော်ဖီဖျော်သောက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကော်ဖီအကြမ်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေနွေး စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဒိန်ချဉ် စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • နို့ဆီ စားပွဲငတ်ဇွန်း ၄ ဇွန်း
  • ရေခဲတုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကော်ဖီမှုန့်ကို ရေနွေး စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ဖျော်ကာ မိနစ်အနည်းငယ်ကြာ နှပ်ထားလိုက်ပါ။

၂။ ကော်ဖီနှပ်ထားတဲ့အချိန်မှာ ဖန်ခွက်ထဲသို့ ဒိန်ချဉ်နှင့် နို့ဆီတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၃။ ဖျော်ထားတဲ့ ဒိန်ချဉ်နို့ဆီအရောအနှောကို ဖန်ခွက် နှစ်ခွက်ထဲသို့ အညီအမျှ ခွဲထည့်လိုက်ပါ။

၄။ နှပ်ထားတဲ့ ကော်ဖီကို အရည်ချည်းပဲ စစ်ယူလိုက်ပါ။ ထို့နောက် ဒိန်ချဉ်ခွက်များထဲသို့ အညီအမျှ ခွဲထည့်လိုက်ပါ။

အရသာမြည်းစမ်းကြည့်ပြီးနောက် လိုအပ်ပါက နို့ဆီ ထပ်ထည့်နိုင်ပါတယ်။

၅။ ထို့နောက် ရေခဲတုံးများ အညီအမျှ ခွဲထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဒိန်ချဉ်ကော်ဖီအေးအေးလေး တစ်ခွက် ရရှိသွားပါပြီ။

Source: Delightfulplate.com