ပါဝင်ပစ္စည်းများ (၆ ယောက်စာ)
ထိကရုန်း ၃စည်း
ကောက်ရိုးမှို ၂၀ကျပ်သား
ကြက်သွန်ဖြူ ၆မွှာ
ငရုတ်သီးစိမ်းအနီရောင် ၅တောင့်
သကြား အနည်းငယ်
ခရုဆီ ၁ဇွန်း (ထမင်းစားဇွန်း)
ပဲငံပြာရည်ကကြည် ၁ဇွန်း (ထမင်းစားဇွန်း)
ပဲငပိစေ့ အနည်းငယ်
တရုတ်ဟင်းချက်ဝိုင် ၃ဇွန်းခန့် (ထမင်းစားဇွန်း)
ငရုတ်ကောင်းမှုန့်အဖြူ
ဆီ ၂ဇွန်း (ထမင်းစားဇွန်း)
ပြုလုပ်နည်းများ
ထိကရုန်းကို စားကာနီးမှ ရေဆေး၍ မိမိနှစ်သက်ရာ အရွယ်ကိုလှီးပါ။
မှိုကိုရေမဆေးရ၊ အဝတ်စိုလေးနှင့်သုတ်၍ သန့်ရှင်းပြီး အရွယ်တော်လေးလှီးပါ။
ဒယ်အိုး ပူပူထဲတွင် ဆီထဲ့ပြီး တပြားရိုက်ထားသော ကြက်သွန်ဖြူကိုထည့်ပါ။
ကြက်သွန်ဖြူ အနည်းငယ်နီသွားလျှင် ထိကရုန်း ၊ ကောက်ရိုးမှိုများကိုထည့်ပါ။
ပြီးလျှင် သကြား၊ ခရုဆီ၊ ပဲငံပြာရည်၊ ပဲပုတ်စေ့လေးတွေ ထည့်ပြီး တရုတ်ဟင်းချက်ဝိုင်ကို လောင်းထည့်ရ်ျ မီးပြင်းပြင်း နှင့် စိမ်းစိမ်းလေး ဖြစ်အောင် မိနစ်အနည်းငယ်သာ ကြာ်ပါ။
ငရုတ်သီးစိမ်းအနီများကို တပြားရိုက်၍ အုပ်ပြီး၊ ငရုတ်ကောင်းမှုန့်အဖြူ ဖြူးလိုက်ပါ။
အရသာ အပေါ့အငံမြည်း၍ လိုအပ်သလိုပြင်နိုင်ပါသည်။
ပူပူနွေးနွေး စားရန် အဆင်သင့် ဖြစ်ပါပြီ။ (စားကာနီးမှ ကြော်၍ ချက်ခြင်းစားပါ။ စောစောကြော်ထားလျှင် အရောင်ပြောင်း သွားနိုင်ပါသည်)
Credit: MF.WW
Photo Credit: ဟင်းချက်နည်းများ