ပါဝင်ပစ္စည်းများ
- ငါးဘတ်ငပိ
- မရမ်းသီး
- ခရမ်းချဉ်သီးမှည့်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဆနွန်းမှုန့်
- အရောင်တင်မှုန့်
- ဆီ
ပြုလုပ်နည်း
- ငါးဘတ် ငပိလေးကို အရွယ်တော်တုံးရျ် ရေနွေး ခဏစိမ်ထားပါ။ ပြီးလျှင် ရေသွန်ရျ် ရေစစ်ထားပါ။
- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးမှည့်များကို ပါးပါးသေးသေး လှီးရျ် ဆီသတ်ပါ။
- ဆီသြတ်ပီးလျှင် ရေစ်ထားသည့် ငါးဘတ် ငပိကို အိုးထဲသို့ ထည့်ပါ။
- ပြီးလျှင် ဆီလည် ရေလည် ချက်ထားပါ။
- ငါးဘတ်ငပိကျက်လို့ ချခါနီးမှာ မရမ်းသီးလေးများ အုပ်ရျ် နူးလျှင် အရသာ စိတ်ကြိုက် ပြင်ဆင်ပြီး ချဉ်ငံစပ် အရသာ မရမ်းသီး ငါးဘတ် ငပိချက်ကို ထမင်းပူပူနှင့် စားလို့ ရပါပြီ။
Credit: Soe’s Cooking Collection