ပူတင်းအောက်ခြေက ပျော့ပျော့အိအိလေးဖြစ်နေပေမယ့် ပူတင်းမျက်နှာပြင်က ကိတ်မုန့်ကဲ့သို့ တင်းတင်းရင်းရင်းလေးဖြစ်နေတဲ့ သံပုယိုသီး ကြက်ဥပူတင်းပြုလုပ်နည်းကို MyFood Myanmar ရဲ့ Foodies လေးတွေအတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး (အကာနှင့် အနှစ်ကို သပ်သပ်စီ ခွဲထားပါ)
  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • သံပုယိုသီး ၂ လုံး
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း (အရည်ဖျော်ထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၆ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သံပုယိုခွံကို ဓားဖြင့် မွှန်းထားပါ။ ကျန်ရှိသော သံပုယိုသီးကိုတော့ အရည်ညှစ်ထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥအနှစ်၊ နွားနို့၊ သံပုယိုခွံ၊ သံပုယိုရည် စားပွဲတင်ဇွန်း ၆ ဇွန်း၊ ထောပတ်နှင့် ဆားတို့ကို သမအောင် ရောမွှေထားပါ။

ထို့နောက် ဂျုံမှုန့်နှင့် သကြားတို့ ထပ်ထည့်ကာ သမအောင် ထပ်မံ မွှေခလောက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးတွင် ကြက်ဥအကာများကို လျှပ်စစ်မွှေစက်ဖြင့် ခရင်မ်ပုံသဏ္ဍာန်ဖြစ်သွားသည်အထိ မွှေပေးလိုက်ပါ။

လျှပ်စစ်မွှေစက်ကို ဖယ်ရှားလိုက်တဲ့အခါ သူ့ရဲ့မျက်နှာပြင်က ပုံမှာပြထားတဲ့အတိုင်း ကွေးကွေးလေးဖြစ်နေရင် ရပါပြီ။

၄။ ရရှိလာတဲ့ ကြက်ဥအကာကို စောစောက ဂျုံမှုန့်အရောအနှောထဲ လောင်းထည့်ကာ ဇွန်းဖြင့် သမအောင် ရောမွှေပါ။

၅။ မုန့်နှစ်က ပုံမှန်ပြထားတဲ့အတိုင်း ပျစ်ပျစ်လေးဖြစ်သွားတဲ့အထိ မွှေပေးလိုက်ပါ။

၆။ ပူတင်းထည့်မယ့် ခွက်ငယ်များကို ဆီဖြင့် သုတ်လိမ်းထားပါ။ ထိုပူတင်းခွက်များကို ဇောက်နက်သော လင်ဗန်းထဲသို့ ထည့်ထားပါ။ ထို့နောက် မုန့်နှစ်များကို ပူတင်းခွက်ထဲသို့ အညီအမျှလောင်းထည့်လိုက်ပါ။

ထို့နောက် ရေအနည်းငယ်ကို ပူတင်းခွက်အလယ် ရောက်သည်အထိ ထည့်လိုက်ပါ။

ထို့နောက် ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲတွင် ၄၅ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ သံပုယိုသီး ကြက်ဥပူတင်းလေး ရရှိသွားပါပြီ။

ရေတစ်ဝက်ထည့်ရခြင်း အကြောင်းအရင်းကတော့ ပူတင်းရဲ့အောက်ခြေက ပျော့ပျော့အိအိလေးဖြစ်စေဖို့နဲ့ ပူတင်းမျက်နှာပြင်ကတော့ ကိတ်မုန့်သားကဲ့သို့ တင်းတင်းရင်းရင်းဖြစ်စေဖို့အတွက်ပါ။

Source: Onceuponachef.com