သောက်ပြီးရင် လန်းဆန်းသွားစေပြီး သဘာဝအချို အရသာနှင့် အရည်ရွှန်းသောကြောင့် ကြိတ်စက်ထဲ ထည့်ကြိတ်လျှင် အရမ်း အဆင်ပြေစေပါတယ်။

ပါဝင်ပစ္စည်းများ

  • ဖရဲသီး – ၂ ခွက် (အစေ့မပါသော အသီး၊ အခွံခွာပြီး အတုံးလေးတွေတုံးထားပါ)
  • သံပုရာရည် – ၁ ဇွန်းခွဲ စားပွဲဇွန်း
  • သကြားရည် – ၁ ဇွန်း စားပွဲဇွန်း
  • ပူစီနံ – ၅ ခက် (အလှဆင်ရန်)
  • ရေခဲခြစ် – ၁ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)

ပြုလုပ်နည်း

ဖရဲသီးတုံးများ၊ သံပုရာရည် နှင့် သကြားရည်များ ကို ဖျော်ရည်စက်ထဲ ထည့်ကြိတ်ပါ။ ထည့်သောက်ရန် ဖန်ခွက်များကို ရေခဲ သေတ္တာထဲ ထည့်ပြီး အအေးခံထားပါ။

အေးနေသော ဖန်ခွက်ထဲ ရေခဲခြစ် အရင်ထည့်ပြီး အပေါ်မှနေ ဖရဲသီးဖျော်ရည်လောင်းထည့်ပါ။ ပြီးလျှင် ပူစီနံရွက်လေးဖြင့် အလှဆင်လိုက်ပါ။ အေးအေးလေး ချက်ချင်းသောက်သုံးသင့်ပါတယ်။

*မှတ်ချက်- ပူစီနံ ကြိုက်လျှင် အရွက်အနည်းငယ် ဖျော်တယ့်အထဲ ထည့်ဖျော်လို့ရပါတယ်။

Credit: Syi Foodsgarden