(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ကိုလက်စတောဓာတ် လုံးဝမပါ၊ အဆီဓာတ်လည်း လုံးဝမပါတဲ့ သစ်သီးဖျော်ရည် သောက်သုံးချင်သူများအတွက် ဖရဲသီး Smoothie ဖျော်ရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ဒီဖျော်ရည်လေးက ဗီတာမင် အေ၊ ဗီတာမင် B6 နဲ့ ဗီတာမင်စီတို့လည်း ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် အုန်းရည်လေး အနည်းငယ် ရောထည့်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးတဲ့အတွက်ကြောင့် လန်းဆန်းတက်ကြွစေပါလိမ့်မယ်။
ပါဝင်ပစ္စည်းများ
- ဖရဲသီး ၃ ပုံ ၁ ပုံ (ပါးပါးလှီးထားပါ)
- နာနတ်သီး တစ်စိပ် (ပါးပါးလှီးထားပါ)
- ငှက်ပျောသီးမှည့် တစ်ဝက် (ပါးပါးလှီးထားပါ)
- အုန်းရည် ၁၂၅ မီလီလီတာ
- ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဖရဲသီး စိပ်၊ နာနတ်သီးနှင့် ငှက်ပျောသီးတို့ကို အတုံးခပ်သေးသေးတုံးထားလိုက်ပါ။
၂။ သစ်သီးဖျော်စက်ထဲသို့ ထိုသစ်သီးများအားလုံးထည့်ပြီး အနှစ်များရအောင် မွှေပေးလိုက်ပါ။
၃။ ထို့နောက် အုန်းရည် ၁၂၅ မီလီလီတာ၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။
အားလုံးသမသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဖရဲသီး Smoothie ဖျော်ရည်လေး ရရှိသွားပါပြီ။ ဖန်ခွက်ထဲထည့်ကာ အရသာရှိရှိသောက်သုံးနိုင်ပါပြီ။
Source: Pickledplum.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ကိုလက္စေတာဓာတ္ လံုးဝမပါ၊ အဆီဓာတ္လည္း လံုးဝမပါတဲ့ သစ္သီးေဖ်ာ္ရည္ ေသာက္သံုးခ်င္သူမ်ားအတြက္ ဖရဲသီး Smoothie ေဖ်ာ္ရည္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ဒီေဖ်ာ္ရည္ေလးက ဗီတာမင္ ေအ၊ ဗီတာမင္ B6 နဲ႔ ဗီတာမင္စီတို႔လည္း ၾကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ က်န္းမာေရးအတြက္လည္း အထူးေကာင္းမြန္ပါတယ္။ ဒါ့အျပင္ အုန္းရည္ေလး အနည္းငယ္ ေရာထည့္လိုက္မယ္ဆိုရင္ ခႏၶာကိုယ္ကို ေရဓာတ္ျဖည့္တင္းေပးတဲ့အတြက္ေၾကာင့္ လန္းဆန္းတက္ၾကြေစပါလိမ့္မယ္။
ပါဝင္ပစၥည္းမ်ား
- ဖရဲသီး ၃ ပံု ၁ ပံု (ပါးပါးလွီးထားပါ)
- နာနတ္သီး တစ္စိပ္ (ပါးပါးလွီးထားပါ)
- ငွက္ေပ်ာသီးမွည့္ တစ္ဝက္ (ပါးပါးလွီးထားပါ)
- အုန္းရည္ ၁၂၅ မီလီလီတာ
- ဒိန္ခ်ဥ္ စားပြဲတင္ဇြန္း ၂ ဇြန္းႏွင့္ သံပုယိုရည္ စားပြဲတင္ဇြန္း ၂ ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဖရဲသီး စိပ္၊ နာနတ္သီးႏွင့္ ငွက္ေပ်ာသီးတို႔ကို အတံုးခပ္ေသးေသးတံုးထားလိုက္ပါ။
၂။ သစ္သီးေဖ်ာ္စက္ထဲသို႔ ထိုသစ္သီးမ်ားအားလံုးထည့္ၿပီး အႏွစ္မ်ားရေအာင္ ေမႊေပးလိုက္ပါ။
၃။ ထို႔ေနာက္ အုန္းရည္ ၁၂၅ မီလီလီတာ၊ ဒိန္ခ်ဥ္ စားပြဲတင္ဇြန္း ၂ ဇြန္းႏွင့္ သံပုယုိရည္ စားပြဲတင္ဇြန္း ၂ ဇြန္းတို႔ထည့္ကာ သမေအာင္ ထပ္ေမႊေပးလိုက္ပါ။
အားလံုးသမသြားတဲ့အခါမွာေတာ့ အရသာရွိတဲ့ ဖရဲသီး Smoothie ေဖ်ာ္ရည္ေလး ရရွိသြားပါၿပီ။ ဖန္ခြက္ထဲထည့္ကာ အရသာရွိရွိေသာက္သံုးႏိုင္ပါၿပီ။
Source: Pickledplum.com