(Unicode)

ကိုယ်အလေးချိန် လျော့ချချင်သူများအတွက် Smoothie ဖျော်ရည်က အသင့်တော်ဆုံးနဲ့ အကောင်းဆုံး သွားရေစာ ဖျော်ရည်တစ်ခုပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ ပေါကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ သွားရေစာတွေ စားချင်စိတ်ပေါ်လာတိုင်း Smoothie ဖျော်ရည်များ သောက်သုံးပြီး ဗိုက်ဖြည့်နိုင်ပါတယ်။

ဒါပေမဲ့ Smoothie ဖျော်ရည်သောက်မယ်ဆိုတိုင်းလည်း တွေ့ကရာ သစ်သီးဝလံများ ဟင်းသီးဟင်းရွက်များကို ရောစပ်ချင်သလို ရောစပ်ဖျော်သောက်လို့မရပါဘူး။ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွှတ်ဖို့အတွက် သင့်တင့်မျှတတဲ့ ပမာဏကို သေချာရောစပ်ဖျော်သောက်မှသာလျှင် ကိုယ်အလေးချိန်ကျမှာပဲဖြစ်ပါတယ်။

ဒါဆိုရင် ကိုယ်အလေးချိန် လျော့ချဖို့အတွက် ဘယ်လို Smoothie ဖျော်ရည်မျိုး ဖျော်သောက်သင့်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ငှက်ပျောသီး Smoothie

ပါဝင်ပစ္စည်းများ

  • အုတ်ဂျုံ ၅၀ ဂရမ်
  • ငှက်ပျောသီး ၁ လုံး
  • မြေပဲထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • အယ်လ်မွန်နွားနို့ ၂၅၀ မီလီလီတာနှင့် ပျားရည် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

Source: Asweetpeachef.com

၁။ ငှက်ပျောသီးကို အခွံခွာပြီး အတုံးခပ်သေးသေးတုံးထားကာ ဖျော်စက်ထဲ ထည့်ထားလိုက်ပါ။

၂။ ထို့နောက် အုတ်ဂျုံ၊ မြေပဲထောပတ်နှင့် သစ်ကြမ်းပိုးခေါက်၊ အယ်လ်မွန်နွားနို့တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ နောက်ဆုံးအဆင့်ကျမှ ပျားရည်အနည်းငယ်ထည့်ပြီး ထပ်မွှေပေးရပါမယ်။ ဒါဆိုရင်တော့ ငှက်ပျောသီး Smoothie လေး ရရှိသွားပါပြီ။ ဖန်ခွက်ထဲထည့်ကာ အရသာရှိရှိ သောက်သုံးနိုင်ပါတယ်။

ငှက်ပျောသီးမှာက ပိုတက်စီယမ်၊ ဗီတာမင် B6 ၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တို့ပါဝင်ပြီး ငှက်ပျောသီးနဲ့ အုတ်ဂျုံ နှစ်မျိုးစလုံးက အချိန်အကြာကြီး ဗိုက်ပြည့်နေအောင် ကူညီပေးပါလိမ့်မယ်။

ထို Smoothie ဖျော်ရည်တစ်ခွက်လုံးရဲ့ ထူးကဲတဲ့အာနိသင်ကတော့ ခန္ဓာကိုယ်ထဲက သကြားပမာဏကို ထိန်းညှိပေးတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုလည်း မြှင့်တင်ပေးနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

Source: Timesofindia.indiatimes.com

(Zawgyi)

ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ခ်င္သူမ်ားအတြက္ Smoothie ေဖ်ာ္ရည္က အသင့္ေတာ္ဆံုးနဲ႔ အေကာင္းဆံုး သြားေရစာ ေဖ်ာ္ရည္တစ္ခုပဲျဖစ္ပါတယ္။ ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ အာဟာရဓာတ္မ်ား ေပါၾကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ က်န္းမာေရးနဲ႔ မညီညႊတ္တဲ့ သြားေရစာေတြ စားခ်င္စိတ္ေပၚလာတိုင္း Smoothie ေဖ်ာ္ရည္မ်ား ေသာက္သံုးၿပီး ဗိုက္ျဖည့္ႏိုင္ပါတယ္။

ဒါေပမဲ့ Smoothie ေဖ်ာ္ရည္ေသာက္မယ္ဆိုတိုင္းလည္း ေတြ႔ကရာ သစ္သီးဝလံမ်ား ဟင္းသီးဟင္းရြက္မ်ားကို ေရာစပ္ခ်င္သလို ေရာစပ္ေဖ်ာ္ေသာက္လို႔မရပါဘူး။ အာဟာရျပည့္ဝၿပီး က်န္းမာေရးနဲ႔ ညီညႊတ္ဖို႔အတြက္ သင့္တင့္မွ်တတဲ့ ပမာဏကို ေသခ်ာေရာစပ္ေဖ်ာ္ေသာက္မွသာလွ်င္ ကိုယ္အေလးခ်ိန္က်မွာပဲျဖစ္ပါတယ္။

ဒါဆိုရင္ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ဖို႔အတြက္ ဘယ္လို Smoothie ေဖ်ာ္ရည္မ်ိဳး ေဖ်ာ္ေသာက္သင့္သလဲဆိုတာကို ေဝမွ်ေပးခ်င္ပါတယ္။

ငွက္ေပ်ာသီး Smoothie

ပါဝင္ပစၥည္းမ်ား

  • အုတ္ဂ်ံဳ ၅၀ ဂရမ္
  • ငွက္ေပ်ာသီး ၁ လံုး
  • ေျမပဲေထာပတ္ စားပြဲတင္ဇြန္း ၁ ဇြန္း
  • သစ္ၾကမ္းပိုးေခါက္အမႈန္႔ လက္ဖက္ရည္ဇြန္းတစ္ဝက္
  • အယ္လ္မြန္ႏြားႏို႔ ၂၅၀ မီလီလီတာႏွင့္ ပ်ားရည္ အနည္းငယ္

ျပဳလုပ္နည္း အဆင့္ဆင့္

Source: Asweetpeachef.com

၁။ ငွက္ေပ်ာသီးကို အခြံခြာၿပီး အတံုးခပ္ေသးေသးတံုးထားကာ ေဖ်ာ္စက္ထဲ ထည့္ထားလိုက္ပါ။

၂။ ထို႔ေနာက္ အုတ္ဂ်ံဳ၊ ေျမပဲေထာပတ္ႏွင့္ သစ္ၾကမ္းပိုးေခါက္၊ အယ္လ္မြန္ႏြားႏို႔တို႔ထည့္ကာ သမေအာင္ ေမႊေပးလိုက္ပါ။

၃။ ေနာက္ဆံုးအဆင့္က်မွ ပ်ားရည္အနည္းငယ္ထည့္ၿပီး ထပ္ေမႊေပးရပါမယ္။ ဒါဆိုရင္ေတာ့ ငွက္ေပ်ာသီး Smoothie ေလး ရရွိသြားပါၿပီ။ ဖန္ခြက္ထဲထည့္ကာ အရသာရွိရွိ ေသာက္သံုးႏိုင္ပါတယ္။

ငွက္ေပ်ာသီးမွာက ပိုတက္စီယမ္၊ ဗီတာမင္ B6 ၊ ဗီတာမင္စီနဲ႔ အမွ်င္ဓာတ္တို႔ပါဝင္ၿပီး ငွက္ေပ်ာသီးနဲ႔ အုတ္ဂ်ံဳ ႏွစ္မ်ိဳးစလံုးက အခ်ိန္အၾကာႀကီး ဗိုက္ျပည့္ေနေအာင္ ကူညီေပးပါလိမ့္မယ္။

ထို Smoothie ေဖ်ာ္ရည္တစ္ခြက္လံုးရဲ႕ ထူးကဲတဲ့အာနိသင္ကေတာ့ ခႏၶာကိုယ္ထဲက သၾကားပမာဏကို ထိန္းညွိေပးတဲ့အျပင္ ခႏၶာကိုယ္ရဲ႕ ဇီဝကမၼျဖစ္စဥ္ကိုလည္း ျမွင့္တင္ေပးႏိုင္ျခင္းတို႔ပဲျဖစ္ပါတယ္။

Source: Timesofindia.indiatimes.com