အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဝက်ပေါင်ခြောက် ကြက်ဥဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၈ ချပ်
  • Cheddar ချိစ် ပန်းကန်လုံး ၂ လုံးစာ (ခြစ်ပြားဖြင့် အချောင်းလိုက် ခြစ်ထားပါ)
  • ဝက်ပေါင်ခြောက် ပန်းကန်လုံး ၁ လုံးခွဲ (ကြော်ထားပြီးနောက် လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ငရုတ်ပွအစိမ်း ၁ ခြမ်း (ပါးပါးလှီးထားပါ)

  • ကြက်ဥ ၆ လုံး (မွှေခလောက်ထားပါ)
  • နွားနို့ စားပွဲတင်ဇွန်း ၄၈ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၂ ပုံ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး လင်ဗန်းကို ထောပတ်ဖြင့် သုတ်လိမ်းထားလိုက်ပါ။

၂။ ပေါင်မုန့်ဘေးသားများ လှီးထုတ်ထားပြီးနောက် လေးထောင့်အတုံးငယ် တုံးထားပါ။

၃။ ပေါင်မုန့်များကို လင်ဗန်းထဲထည့်ပါ။ ချိစ်များ ဖြူးထည့်ပါ။ ထို့နောက် ဝက်ပေါင်ခြောက်၊ ကြက်သွန်နီနှင့် ငရုတ်ပွတို့ ထည့်ထားလိုက်ပါ။

၄။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥများကို နွားနို့ဖြင့် မွှေခလောက်ထားပါ။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ဖြူးလိုက်ပါ။

၅။ ထို့နောက် ကြက်ဥများကို လင်ဗန်းထဲ ဆမ်းထည့်လိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၈ နာရီမှ တစ်ညတာအထိ အအေးခံထားလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက ရေခဲသေတ္တာထဲမှ ထုတ်ပြီး အပြင်မှာ မိနစ် ၃၀ ခန့် ထားထားလိုက်ပါ။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

၇။ ပြီးရင်တော့ Oven ထဲတွင် မိနစ် ၄၀ ခန့် အပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်ပေါင်ခြောက် ကြက်ဥဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thespruceeats.com