အားလုံးပဲ မင်္ဂလာပါ။ အာလူးကြော်ပဲဖြစ်ဖြစ်၊ အာလူးဟင်းပဲဖြစ်ဖြစ်၊ အာလူးကတ်သလစ်ပဲဖြစ်ဖြစ် အာလူးကို ဘယ်လိုပုံစံနဲ့ပဲပြင်ဆင်ချက်ပြုတ် ကြိုက်နှစ်သက်တဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ အနောက်တိုင်းစတိုင်လ် ဝက်ပေါင်ခြောက် အာလူးသုပ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလတ်စား ၃ လုံး
  • ဝက်ပေါက်ခြောက် ၁ ပေါင်
  • မုန်လာဥနီ ၄ လုံး
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် ပန်းကန်လုံး သုံးပုံတစ်ပုံခန့်
  • ကြက်ဥပြုတ် (သို့) ဘဲဥပြုတ် ၅ လုံး
  • သခွားသီး ၅ လုံး
  • စမုံစပါး ပန်းကန်လုံး လေးပုံတစ်ပုံခန့်
  • ပဲလုံး ၁၅ အောင်စ
  • မိရောနိစ် ပန်းကန်လုံး လေးပုံးသုံးပုံခန့် (သို့) ပန်းကန်လုံးတစ်လုံးစာ
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

အာလူးနဲ့ မုန်လာဥနီများကို အိုးတစ်လုံးထဲ၌ မိနစ် ၃၀ ခန့် အတူတူထည့်ပြုတ်လိုက်ပါ။ အခြားအိုးတစ်လုံးနဲ့ ရေထဲဆားအနည်းငယ်ထည့်ပြီး ကြက်ဥ (သို့) ဘဲဥများကို ၁၅ မိနစ်ခန့် ပြုတ်ပါ။

ပြုတ်ပြီးသွားသော အာလူး၊ မုန်လာဥနီ၊ ကြက်ဥပြုတ်တို့ကို အခွံခွာလိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ ဝက်ပေါင်ခြောက်၊ အာလူး၊ မုန်လာဥနီ၊ သခွားသီး၊ ကြက်ဥတို့ကို အရွယ်အစားတူ အတုံးသေးသေးတုံးပါ။ ကြက်သွန်မြိတ်နဲ့ စမုံစပါးတို့ကိုလည်း ပါးပါးလှီးထားပါ။

ထိုပါးပါးလှီးထားသော ပါဝင်ပစ္စည်းများကို ပန်းကန်လုံးအကြီးထဲ ရောပေါင်းလိုက်ပြီးနောက် မိရောနိစ် ပန်းကန်လုံးအသေးတစ်လုံးစာ၊ ဆားနဲ့ ငရုတ်ကောင်းတို့ထည့်ပြီး သမအောင်ရောမွှေပေးလိုက်ပါ။

ပဲလုံးလေးတွေကိုတော့ ကြေသွားမှာစိုးတဲ့အတွက် နောက်ဆုံးအဆင့်မှ ပန်းကန်လုံးထဲထည့်ပြီး အသာအယာမွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာဆိမ့်သက်လေးနဲ့ စားလို့အင်မတန်ကောင်းတဲ့ အနောက်တိုင်းစတိုင်လ် ဝက်ပေါင်ခြောက်အာလူးသုပ်ဟင်းလျာလေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: natashaskitchen.com