အားလုံးပဲ မင်္ဂလာပါ။ ကိတ်မုန့်ဖုတ်ရတာ ဝါသနာပါတဲ့သူတွေအတွက် မိမိအိမ်မှာပဲ အလွယ်တကူပြုလုပ်လို့ရမယ့် ချောကလက် နို့ကိတ်မုန့် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- နို့ချောကလက် ၄ အောင်စ
- ချောကလက် အဖြူရောင် ၄ အောင်စ
- ထောပတ် စားပွဲတင်ဇွန်း ၈ ဇွန်း
- သကြား ဖန်ခွက် တစ်ဝက်ခန့်
- ဂျုံမုန့် ဖန်ခွက် ၁ ခွက်
- ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
- ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
- သစ်ခွရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
ပန်းကန်လုံး အကြီးတစ်လုံးထဲ၌ အရည်ကြိုထားသော ထောပတ်တစ်ဝက်နှင့် နို့ချောကလက်တို့ထည့်ပြီး အတုံးအခဲများမရှိတော့ဘဲ ချောမွတ်သွားသည်အထိ မွှေခလောက်ပေးပါ။ မွှေခလောက်ထားသော ကြက်ဥ တစ်ဝက်ခန့်ကို ချောကလက် ပန်းကန်လုံးထဲထည့်ပြီး ထပ်မွှေပါ။ ဆား တစ်ဝက်နှင့် ဂျုံမုန့်တစ်ဝက်ခန့်ထည့်ပြီး သေချာရောမွှေပေးလိုက်ပါ။
အခြားပန်းကန်လုံးတစ်လုံးထဲမှာလည်း တစ်ဝက်ကျန်သော ထောပတ်နှင့် ချောကလက်အဖြူရောင်တို့ မွှေပေးလိုက်ပါ။ ကျန်ရှိသော သကြားတစ်ဝက်ထပ်ထည့်ပြီး သကြားများ ပျော်ဝင်သွားသည်အထိ မွှေခလောက်ပါ။ တစ်ဝက်ကျန်သော ကြက်ဥ၊ ဆားနှင့် ဂျုံမုန့်များ ထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။
ကိတ်မုန့်မီးဖုတ်ရမယ့် လင်ဗန်းကို ဆီသုတ်ထားပါ။ Oven ကို အပူချိန် ၃၅၀ ဒီဂရီ ဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ထို့နောက် နို့ချောကလက်နှင့် ချောကလက်အဖြူရောင်တို့ကို ဇွန်းလေးဖြင့် တစ်လှည့်စီခပ်ထည့်ပေးလိုက်ပါ။
ထို့နောက် တံစို့လေးနဲ့ဖြစ်ဖြစ်၊ ဓားလေးနဲ့ပဲဖြစ်ဖြစ် လှည့်ပတ်လိမ်တွန်းပေးလိုက်ပါ။
Oven ထဲမှာ မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။
ထို့နောက် အအေးခံကာ လေးထောင့်အတုံးလေးများတုံးပြီး နွားနို့ (သို့) ကော်ဖီ (သို့) လက်ဖက်ရည်တို့နဲ့ တွဲဖက်သုံးဆောင်လို့ရပါပြီ။
Source: www.mydeliciousmeals.com