အားလုံးပဲ မင်္ဂလာပါ။ ပူတင်းပေါင်မုန့် ကြိုက်နှစ်သက်သူများအတွက် မိမိအိမ်မှာ အလွယ်တကူလုပ်စားနိုင်တဲ့ နို့ချောကလက် ပူတင်းပေါင်မုန့် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နွားနို့ ၂၅၀ မီလီလီတာ (စားပွဲတင်ဇွန်း ၁၆ ဇွန်း)
  • Heavy Whipping ခရင်မ် ၇၅၀ မီလီလီတာ
  • သကြား စားပွဲတင်ဇွန်း ၈ ဇွန်း
  • နို့ချောကလက် ၁၀ အောင်စ
  • ကြက်ဥ အနှစ် ၇ လုံးနှင့် ဘဲဥ ၂ လုံး

  • Challah ပေါင်မုန့်လုံး ၁ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

ဒယ်အိုးတစ်လုံးကို အပူပေးပြီး Whipping ခရင်မ်၊ နွားနို့နှင့် သကြားတို့ထည့်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးပါ။ သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးပြီးနောက် နွားနို့က ဆူပွက်လာရင်တော့ မီးဖိုပေါ်က ချလိုက်ပါ။

၂။ ထို့နောက် ထိုဒယ်အိုးထဲသို့ နို့ချောကလက်များထည့်ကာ ချောကလက်များ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးတွင် ကြက်ဥအနှစ် ၇ လုံးနှင့် ဘဲဥ ၂ လုံးတို့ကို သမအောင် မွှေခလောက်ထားပါ။ ထို့နောက် နို့ချောကလက်ရည်များကို ကြက်ဥပန်းကန်ထဲသို့ လောင်းထည့်ကာ သမအောင် မွှေထားလိုက်ပါ။ (နို့ချောကလက်ရည်များကို ၄ ပုံ ၁ ပုံစာခန့် ချန်ထားပါ။)

၄။ ပေါင်မုန့်ကို တစ်လက်မပတ်လည် အတုံး တုံးထားပါ။ ထို့နောက် ကြက်ဥ နို့ချောကလက် ပန်းကန်ထဲသို့ လောင်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ပေါင်မုန့်များ ပျော့သွားသည်အထိ ၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၅။ ပြီးရင်တော့ ဇောက်နက်သော လင်ဗန်းထဲသို့ ပေါင်မုန့်နှင့် နို့ရည်များအားလုံးကို လောင်းထည့်လိုက်ပါ။

၆။ ထိုလင်ဗန်းကို ခဲဖတ်အုပ်ပြီး Oven ထဲတွင် ၄၅ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ခဲဖတ်ကို ဖယ်ရှားပြီး နောက်ထပ် ၁၅ မိနစ် ထပ်ဖုတ်ရပါမယ်။

၇။ သတ်မှတ်ချိန်ပြည့်ပါက Oven ထဲမှထုတ်ကာ ချန်ထားခဲ့သော နို့ချောကလက်ရည်များ ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ နို့ချောကလက် ပူတင်းပေါင်မုန့်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com