မုန်လာဥကို စားသုံးရတာကို ကြိုက်နှစ်သက်သူတွေအနေနဲ့ ဒီတစ်ခါမှာတော့ အစိမ်းမဟုတ်ဘဲ ချဉ်ချဉ်လေးနဲ့ စားလို့ကောင်းမယ့် အသုပ်သုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- မုန်လာဥဖြူအလုံးကြီး – ၁လုံး
- မုန်လာဥနီ – ၁လုံး
- ငရုတ်တောင့်နီ – ၅တောင့်
- မြေပဲလှော် – ၃ဇွန်း
- သံပုရာသီး – ၂လုံး
- ဆား
- ဟင်းခတ်မှုန့်
- သကြား – အနည်းငယ်စီ
ပြင်ဆင်ပြုလုပ်နည်း
မုန်လာဥဖြူနှင့်မုန်လာဥနီကိုအခွံခွာပြီး ခြစ်တံဖြင့် အမျှင်ကြီးရအောင် ခြစ်ပါ။ ဆားအနည်းငယ်ဖြင့် ရောမွှေပြီး (၅)မိနစ်ခန့်ထားပြီး နာနာလေးဖိနယ်ပါ။
ရေဆေးပြီး ရေညှစ်ထုတ်ထားပါ။ ပါးပါးလှီးထားသော ငရုတ်သီးနီ၊ မြေပဲထောင်း၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီး သံပုရာရည်ညှစ်ပြီးသမသွားအောင် ဖွဖွလေး ရောနယ်ပေးပါ။
ကြက်သွန်နီ အကြွပ်ကြော်၊ နံနံပင်လေးအလှဆင်လိုက်ရင် အဆင်သင့်ဖြစ်ပါပြီ။ ဒံပေါက်ထမင်း၊ အုန်းထမင်း၊ ထောပတ်ထမင်း၊ အသားဟင်းဆီပြန်တို့ဖြင့် အလွန်လိုက်ဖက်လှတဲ့ မုန်လာဥဖြူသုပ်ပါ။
Credit: ပာင်းချက်နည်းများ