မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ။ အစားအစာဆိုရင် ချိုမှ အီနေမှ ကောင်းတယ်လို့ ယူဆကြတဲ့ အစားအသောက်ချစ် ပရိတ်သတ်များအတွက် ဒီတစ်ခါမှာတော့ အရသာအထူးကောင်းမွန်တဲ့ Mozzarella ချိစ်ကို အကြွပ်ကြော်နည်းလေး ပြောပြပေးချင်ပါတယ်။

ချိစ်ဖြစ်တဲ့အတွက်ကြောင့် လူကြီးတွေရော ကလေးတွေပါ အင်မတန်ကြိုက်နှစ်သက်မယ့် သရေစာလေးတစ်ခုပါနော်။

ပါဝင်ပစ္စည်းများ

  • ဖက်ထုပ်ရွက် ၁၀ ရွက်
  • Mozzarella ချိစ် ၅ ချောင်း (အလယ်ကထက်ခြမ်းခြမ်းပါ)
  • ကြက်ဥ ၂ လုံး
  • ဆီ

ပြင်ဆင်ပြုလုပ်ပုံ

၁။ ချိစ်ချောင်းတစ်ခုကို ဖက်ထုပ်ရွက် တစ်ရွက်ရဲ့အလယ်မှာထည့်လိုက်ပါ။ ပြီးရင် အရွက်နားတွေကို လိုက်လိပ်ပြီးတော့ တင်းတင်းလေးဖြစ်အောင် သေချာလုပ်ပေးပါ။ ချိစ်တွေမပေါ်နေပါစေနဲ့။

၂။ ကြက်ဥနှစ်လုံးကို ခလောက်ပြီးတော့ ချိစ်ဖက်ထုပ်လေးတွေပေါ်မှာ လိုက်သုတ်ပေးပါ။

၃။ ဆီပူပူထဲမှာ စက္ကန့် သုံးဆယ်မှ ၁ မိနစ်လောက် ကြော်ပေးပြီး ရွှေညိုရောင်သမ်းလာလျှင် ဆယ်ပေးပါ။

ဆီစစ်ပြီးပြီဆိုရင်တော့ ကြွပ်ရွပြီး ချိုအီမွှေးပျံ့တဲ့ ချိစ်ဖက်ထုပ်ကြော်လေးစားသုံးနိုင်ပါပြီ။

Source: mylatinatable.com