ပါဝင်ပစ္စည်းများ
- ငါးခူ ၃၀သား
- ငါးဖယ် ၁၀သား
- ဘဲဥ ၁၀လုံး
- ကုလားပဲခြမ်း ၁၀သား
- မြေပဲ ၅ကျပ်သား
- ဆန်အကျက်မှုန့် ၁၀သား
- စပါးလင် ၃ပင်
- ဂျင်း လက်၃လုံး(၂ကျပ်ခွဲ)
- ကြက်သွန်ဖြူ ၄မွှာ
- ကြက်သွန်နီ(ကြီး) ၇လုံး
- ကြက်သွန်နီ(သေး) ၁၀လုံး နှင့်ငရုတ်ပုထောင်း အနည်းငယ်
- နနွင်း၊ ငရုတ်ကောင်း
- အချိုမှုန့် ၁ဇွန်း(သုံးလျှင်ကြိုက်သလောက်)
- ငံပြာရည် လိုသလောက်
- ထန်းလျှက် ၃ခဲ၊ ငှက်ပျောအူ ၁တုံး
ပြုလုပ်နည်း
ငါးခူကို ရေဆေး ဆားကြမ်း မန်းကျည်းသီးနှင့်ဆေးထားပါ။ စပါးလင် ထိပ်ကို ဖြတ်၍ စည်းပြီး နနွင်း ငံပြာရည် တို့ဖြင့် ငါးခူကို ထည့်၍ ပြုတ်ပြီး အရိုးနွှင် ထားပါ။
အရိုးကို ထောင်းပြီး ဇကာ ခံကာ ရေနှင့်ဆေးချထားပါ။ ကုလားပဲကို နနွင်း၊ ဆား အနည်းငယ်စီနှင့်နူးသည် အထိပြုတ်ပြီး ခြေထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ဂျင်း စပါးလင် တို့ကို ထောင်းထားပါ။
ငှက်ပျောအူကို လှီး၍ ရေ၊ နနွင်း ရောထားသော ဇလုံ တစ်ခု ထဲသို့ လှီးချပါ။ ဆီသတ်ရန် ဆီ ထည့်ပါ။ ငါးဖယ်ကို ပြား၍ ကြော်ထားပါ။ ကျန်သော ဆီထဲသို့ နနွင်းထည့်ပြီး ကြက်သွန်နီကို ကြော်ပြီး ဘေး၌ ခဏကပ်ပြီး ဆယ်ထားပါ။
ကြက်သွန်ဖြူ ထည့်ပါ။ ဂျင်းထည့်ပါ။ စပါးလင်ထည့်ပါ။ ရွှေအိုရောင် သန်းလာလျှင်ငရုတ်ပုထောင်း ထည့်၍ ခဏမွှေပြီး ငါးထည့်ပါ။ ငံပြာရည်၊ (အချိုမှုန့်)ထည့်၍ မွှေးလာပြီး အနည်းငယ် ခြောက်သည်အထိ ဆီသတ်ပါ။
ကြက်သွန်ဥနီ အသေးကို ခွာထားပါ။ ဘဲဥကို ပြုတ်ထားပါ။ ငါးပြုတ်ရည်အိုးကို ရေထပ်ထည့်၍ ဆူအောင် တည်ပါ။ ပွက်ပွက် ဆူလာလျှင် ခြေထားသော ပဲထည့်၍ ၁၀မိနစ်ခန့်ထားပါ။
ဆန်အကျက်မှုန့် ရေဖျော်ထည့်ပါ။ ဆန်မှုန့်အနံပျောက်အောင်ထားပါ။ နောက်ထပ်၁၀မိနစ်ခန့်ထားပါ။ မြေပဲထောင်း ထားတာ ထည့်ပါ။ ၁၀မိနစ်ခန့် ထပ်ထားပြီလျှင် ဆီသတ်ထားသော ငါးထည့်ပါ။ ငါးဖယ်ကို တုံး၍ ထည့်ပါ။
ဆူလာလျှင် ငှက်ပျောအူ ကြက်သွန်ဥ ထည့်ပြီးမွှေပါ။ အဖုံး မအုပ်ပဲ ထားပါ။(ငှက်ပျောအူများ မဲတတ်သည်)။ ဘဲဥ လှီးထည့်ပါ။ အိုးဘဲဥ အတွက် အလုံးလိုက်လဲ ထည့်ပါ။ ထန်းလျှက်ခဲထည့်ပါ။ ငံပြာရည်၊ အချိုမှုန့် ထည့်၍ အရသာ အနေတော် ဖြစ်အောင်ပြင်ပါ။ ငရုတ်ကောင်းထည့်ပါ။
Credit: ချက်ကြည့်ကြစို့