မနက်မိုးလင်း အိပ်ရာကနိုးချိန်မှာ ဂျင်းသံပုရာရေနွေးကြမ်းပူပူလေးတစ်ခွက်ကို မှုတ်ပြီးသောက်ပေးခြင်းဟာ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေမှာဖြစ်ပြီးတော့ အသားအရေ၊ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ အများကြီးပေးစွမ်းနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
ရေ – ၂ ခွက်
လီမွန် – ၄ ခြမ်း (အထူ 1/4  လက်မ)
ဂျင်း – ၂ လက်မအရွယ် (အခွံခွာပြီး ၈ ခြမ်းလှီးပါ)
ပူစီနံရွက် – ၁၂ ရွက်
ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

၁။ ရေ၊ လီမွန် ၃ ခြမ်း၊ ဂျင်းစိတ်တွေကို အိုးတစ်လုံးထဲထည့်ကာ ဆူတဲ့အထိ တည်ပေးပါ။ ဆူလာပြီဆိုရင် မီးနည်းနည်းလျှော့ကာ ပူစီနံရွက် ၁၀ ရွက်ထည့်ပြီး ၁၀ မိနစ် တည်ပါ။

၂။ ပျားရည်ထည့်လိုက်ပါ။ လိုအပ်ပါက ထပ်ထည့်နိုင်ပါတယ်။

၃။ အားလုံးပြီးသွားပြီဆိုရင်တော့ အရည်စစ်လိုက်ကာ ခွက်တစ်ခုထဲပြောင်းထည့်ပြီး လီမွန်တစ်ခြမ်း၊ ပူစီနံတစ်ရွက်ထည့်ပြီးတော့ ပူပူလေး သောက်သုံးနိုင်ပါပြီ။

Source: jessicagavin.com