အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ မုန်ညှင်းစိမ်းကို ရိုးရိုးမကြော်စားချင်သူတွေအတွက် တစ်မျိုးလေးဆန်းသွားအောင် သုပ်စားကြရင် ဘယ်လိုလဲရှင့်။
ပဲပုပ်ကြိုက်တဲ့သူက ပဲပုပ်၊ မြေပဲကြိုက်တဲ့သူက မြေပဲနဲ့ သုပ်လို့ရပါတယ်။
ပါဝင်ပစ္စည်း
- မုန်ညှင်းစိမ်း ၂ စည်း
- ပဲပုပ်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း (မြေပဲဆံ ထောင်း စားပွဲတင်ဇွန်း ၂ ဇွန်း)
- နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်
- နှမ်းစေ့ အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး မုန်ညှင်းကို အမြစ်ဖြတ် ရေသေချာဆေးပြီး ပြုတ်လိုက်ပါ။
နူးပြီဆိုရင် မုန်ညှင်းစိမ်းကို လှီးလိုက်ပါ။
အဲဒီနောက် ပါဝင်ပစ္စည်းတွေထည့်ပြီးသုပ်ပေးလိုက်လို့ရပါပြီနော်။
Source: www.koreanbapsang.com
By: MyFood Myanmar