အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ မုန်ညှင်းစိမ်းကို ရိုးရိုးမကြော်စားချင်သူတွေအတွက် တစ်မျိုးလေးဆန်းသွားအောင် သုပ်စားကြရင် ဘယ်လိုလဲရှင့်။

ပဲပုပ်ကြိုက်တဲ့သူက ပဲပုပ်၊ မြေပဲကြိုက်တဲ့သူက မြေပဲနဲ့ သုပ်လို့ရပါတယ်။

ပါဝင်ပစ္စည်း

  • မုန်ညှင်းစိမ်း ၂ စည်း
  • ပဲပုပ်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း (မြေပဲဆံ ထောင်း စားပွဲတင်ဇွန်း ၂ ဇွန်း)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နှမ်းစေ့ အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး မုန်ညှင်းကို အမြစ်ဖြတ် ရေသေချာဆေးပြီး ပြုတ်လိုက်ပါ။

နူးပြီဆိုရင် မုန်ညှင်းစိမ်းကို လှီးလိုက်ပါ။

အဲဒီနောက် ပါဝင်ပစ္စည်းတွေထည့်ပြီးသုပ်ပေးလိုက်လို့ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar