ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာ ပါဝင်တဲ့အမဲသားက ကြွက်သားများကို သန်မာစေပြီး သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်တတ်သော သွေးအားနည်းရောဂါမှလည်း ကာကွယ်ပေးပါတယ်။

ကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့ အမဲသားကို ဒီတစ်ခါမှာတော့ ကြွပ်ကြွပ်လေးနဲ့ စားကောင်းစေမယ့် အမဲသားလွှာ အကြွပ်ကြော် ပြင်ဆင်ချက်ပြုတ်နည်းကို MyFood Myanmar ရဲ့အစားအစာချစ်သူများအတွက် ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင်
  • ဆန်မှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြော်ရန် ဆီ
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဆန်ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားများကို အလွှာလိုက် ပါးပါးလှီးထားပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ဆန်ဝိုင်၊ ရေ၊ နှမ်းဆီ၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၃။ ထို့နောက် အမဲသားများကို ပဲငံပြာရည်အရောအနှော ဆမ်းထည့်ပြီးနောက် မိနစ် ၂၀ ခန့် နှပ်ထားပါ။

၄။ သတ်မှတ်ချိန်ပြည့်အောင် နှပ်ပြီးတဲ့နောက်မှာတော့ အမဲသားပြားများကို ဆန်မှုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက အမဲသားပြားများထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ အညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

အမဲသားပြားများ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အမဲသားလွှာအကြွပ်ကြော်လေးများ ရရှိသွားပါပြီ။

ပန်းကန်ပြားထဲထည့်ကာ ကြက်သွန်မြိတ် (သို့) အခြားဟင်းရွက်များနဲ့ အလှဆင်လိုက်ပါ။ ထို့နောက် မိမိကြိုက်နှစ်သက်ရာဆော့စ်နဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Koreanbapsang.com