Sandwich ကြိုက်တဲ့သူတွေအတွက် အိမ်မှာ ကိုယ်တိုင်အလွယ်တကူ လုပ်စားလို့ရအောင် အရသာရှိတဲ့ Cheesy Tuna Sandwich ကို ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ခရမ်းချဉ်သီး အလုံးကြီးတစ်လုံးကို ပုံမှာပြထားတဲ့အတိုင်း လှီးပေးပါ။

ကြက်သွန်နီ အလုံးကြီးတစ်လုံးကို သေးသေးလေးတွေဖြစ်အောင် လှီးပေးပါ။

တရုတ်နံနံကြီးကိုလည်း ပုံမှာပြထားတဲ့အနေလောက် လှီးပေးပါ။

ဆားရည်စိမ်ထားတဲ့ သခွားသီးကို သေးသေးလေးတွေဖြစ်အောင် လှီးပေးပါ။

Tuna ဘူးကိုဖောက်ပြီး ဇကာနဲ့စစ်ကာ အရည်မပါအောင် ပန်းကန်လုံးထဲထည့်ပါမယ်။

Tuna ထည့်ထားတဲ့ ပန်းကန်လုံးထဲကို ခုနကလှီးထားတာတွေဖြစ်တဲ့ ကြက်သွန်နီ၊ ဆားရည်စိမ်ထားတဲ့ သခွားသီး၊ တရုတ်နံနံကြီးတို့ကို ထည့်ပြီး Mayonnaise – ၆၀ ဂရမ်၊ ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ငရုပ်ကောင်းမှုန့် – အနည်းငယ်တို့ကို ရောထည့်ပြီး သမအောင်နယ်ပေးပါ။

ပေါင်မုန့် ၂ ချပ်ကို ထောပတ်သုတ်ပေးပါ။

ထောပတ်မသုတ်ထားတဲ့ဘက်ကို အောက်ခြေမှာထားပြီး ဒယ်အိုးထဲထည့် အပူပေးပါ။ ပြီးမှ ထောပတ်သုတ်ထားတဲ့ဘက်ကို လှန်လိုက်ပါ။

ထောပတ်မသုတ်ထားတဲ့ဘက်ကို Cheese – ၂ ချပ်တင်ပြီး နောက်ပေါင်မုန့်ပေါ်ကိုတော့ ခုနကနယ်ထားတဲ့အစာတွေ တင်ပေးပါ။ အဲ့အပေါ်ကိုမှ လှီးထားတဲ့ခရမ်းချဉ်သီး တင်ပါမယ်။

တင်ထားတဲ့ Cheese တွေ ပျော်လာပြီဆိုရင် ပေါင်မုန့် ၂ ချပ်ကိုထပ်လိုက်ပြီး ဒယ်အိုးထဲကထုတ်လို့ရပါပြီ။

သေချာညီညီညာညာလေးဖြစ်အောင် လှီးပြီးပြီဆိုရင်တော့ စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ အရသာရှိသော Cheesy Tuna Sandwich ကို ရရှိသွားပြီပဲဖြစ်ပါတယ်။