ကိုရီးယားအစားအစာကြိုက်သူများအတွက် ဒီတစ်ခါမှာတော့ ကြည့်လိုက်တာနဲ့ကို စားချင်စဖွယ်လေးဖြစ်နေတဲ့ ကိုရီးယားစတိုင်လ် Mayonnaise ဆမ်းထမင်း ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ ထမင်းကိုမကြော်ပဲ ကြက်ဥတွေ၊ ကြက်သွန်တွေ၊ အသားတုံးတွေကိုပဲ ကြော်ထည့်ထားတာဖြစ်လို့ ပိုပြီးတော့ စားကောင်းပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ကြက်သွန်နီ အလုံးကြီး တစ်ခြမ်းကိုလှီးထားပါ။

ကြက်သွန်မြိတ်အကြီး တစ်ဝက်ကိုလှီးထားပါ။

ငရုပ်သီးစိမ်းအပွတောင့်အရှည် ၁ ချောင်းကိုလည်း လှီးထားပါ။

စည်သွပ်အသားတုံးကိုလည်း လေးတောင့်တုံးလေးတွေဖြစ်အောင် ကိုယ်စားချင်သလောက် လှီးထားပါ။ ဒီနေရာမှာ အသားပြားထည့်ချင်လည်း အစားထိုးထည့်လို့ရပါတယ်။

လှီးပြီးရင် ရေဆေးဖို့တော့ လိုပါမယ်။

ကြက်ဥ ၂ လုံးကို ခလောက်ပြီး ကြော်ပါမယ်။ ကြော်တဲ့အခါမှာ ဆီနည်းနည်းထည့်ပြီး ကြက်ဥကို တူနဲ့မွှေလိုက်ပါ။ ဒါမှ အပြားလိုက်ဖြစ်မနေမှာပါ။

ကြက်ဥကြော်ပြီးရင် လှီးထားတဲ့ အသားတုံး (သို့) အသားပြားတွေကို ကြော်ပါမယ်။

အသားတုံး (သို့) အသားပြားကြော်ပြီးရင် လှီးထားတဲ့ ကြက်သွန်မြိတ်၊ ငရုပ်သီးစိမ်းကို ကြော်ပြီး လှီးထားတဲ့ ကြက်သွန်နီပါ ထည့်ကြော်ပါမယ်။

ကြက်သွန်နီနူးခါနီးပြီဆိုရင် ပဲငံပြာရည်အကြည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ခရုဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ကြော်ပါမယ်။

အားလုံးရပြီဆိုရင်တော့ ပန်းကန်ပြားထဲကို ထမင်းကို ပုံစံခွက်လေးနဲ့ လှလှလေးထည့်ပြီး ဘေးပတ်ပတ်လည်မှာ ကြော်ထားတဲ့ ကြက်ဥတွေကို ထည့်ပေးပါ။

ထမင်းပေါ်မှာတော့ ခုနကကြော်ထားတဲ့ ကြက်သွန်နီတို့ ကြက်သွန်မြိတ်တို့ကို တင်ပေးပါ။

အဲ့အပေါ်မှာမှ ကြော်ထားတဲ့ အသားတုံး (သို့) အသားပြားလေးတွေကို တင်ပေးပါ။

နောက်ဆုံးမှာတော့ Mayonnaise ကို လှလှပပလေး ဆမ်းပေးပြီး ငရုပ်သီးစိမ်းအပွတောင့်အရှည်လေးတွေကို လှီးပြီး တင်ပေးပါ။

ဒါဆိုရင်တော့ အရသာရှိပြီး စားချင်စဖွယ်လေးဖြစ်နေတဲ့ ကိုရီးယားစတိုင်လ် Mayonnaise ဆမ်းထမင်းကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Source:www.meliniskitchen