ရှမ်း - Shan | အသီး - Fruits | အထောင်း - Pounded

ခစော့ချိုသီး လှော်ထောင်း

June 2, 2016

ခစော့ချိုသီး လှော်ထောင်း

Share this on:

ပါဝင်ပစ္စည်းများ

  • ခစော့ချိုသီး
  • ခရမ်းချဉ်သီး
  • ပဲပုပ်
  • ကြက်သွန်ဖြူ
  • ငရုတ်သီးစိမ်း
  • ဆား
  • ဟင်းချိုမှုန့်
  • ရှမ်းနံနံ
  • ပင်စိမ်း

ပြုလုပ်နည်း

  1. ခစော့ချိုသီးကို အိုးထဲတွင် လှော်ပါ ။
  2. ခရမ်းချဉ်သီးကို မီးဖုတ်ပါ ။ ပဲပုပ်ကို မီးကင်ပြီး မှုန့်နေအောင် ထောင်းပါ ။
  3. ပြီးလျင် ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ပဲပုပ်မှုန့် ၊ ဆား ၊ ဟင်းချိုမှုန့် ၊ ရှမ်းနံနံ ၊ ပင်စိမ်း အားလုံးကို ရောထောင်း လိုက်ပါ ။
Credit: Phyu Phyuhnin