ထမင်းသုပ်

Share this on:

ဟင်းအနှစ်တွေ မစားချင်တဲ့အခါ အလွယ်တကူ သုပ်စား ဖြစ်တဲ့ လွယ်ကူ မြန်ဆန်တဲ့ ထမင်းသုပ်လေးပါ ။

ထမင်းသုပ် ၁

ပါဝင်ပစ္စည်းများ

  • ထမင်းပူပူ
  • ငံပြာရည်
  • ပဲပုတ်ထောင်း
  • မြေပဲထောင်း
  • မန်ကျည်းနှစ်
  • ကြက်သွန်ဖြူ ဆီချက်
  • အစာဆိုးဆေး အနည်းငယ် (နှစ်သက်လျှင်)

ပြုလုပ်နည်း

  1. ချက်ထားတဲ့ ထမင်းပူပူကို ငံပြာရည် ၊ ပဲပုတ်ထောင်း ၊ မြေပဲထောင်း ၊ မန်ကျည်းနှစ် ၊ ကြက်သွန်ဖြူ ဆီချက် ၊ အစာဆိုးဆေး အနည်းငယ် (နှစ်သက်လျှင်) တို့နှင့် ခပ်ဖွဖွနယ်ပြီး အရသာ စိတ်ကြိုက် ပြင်ဆင်ပါ ။
  2. ကြက်ဥကြော် ၊ ငါးဖယ်ကြော်လေးများ နှင့် စားလို့ အလွန်ကောင်းလှ ပါတယ်ရှင် ။
Credit: Soe's Cooking Collection.

Review

User Rating

3 (4 Votes)