ပဲပင်ပေါက်သုပ် (Beansprout Salad)

Share this on:

၅ မိနစ်အတွင်း ထမင်းမိန်မိန် စားလို့ရမယ့် ချဉ်စပ်ဟင်းတစ်ပွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဈေးလဲသက်သာ ထမင်းစားလဲ ၀င်စေသော အသုပ်ပါ ။ သုပ်စားကြည့်လိုက်နော် ။

ပါဝင်ပစ္စည်းများ

  • ပဲပင်ပေါက် ၄၅၀ ဂရမ်
  • ကြက်သွန်မြိတ် ၂ ပင် (အပါးပါးလှီးထားပါ)
  • နံနံပင် ၁ စီး (အရိုးဖယ် အရွက်ပဲပိုင်းထားပါ)
  • အချဉ်ရည် (Dressing)
  • နှမ်းဆီ ၁ ဇွန်းစားပွဲဇွန်း
  • ငံပြာရည် ၁ ဇွန်း ခွဲ စားပွဲဇွန်း
  • ရှာလကာရည် ၁ ဇွန်းစားပွဲဇွန်း
  • အသားမှုန့် ၂ ဇွန်း လက်ဖက်ဇွန်း
  • ငရုတ်သီးစိမ်း ၃ တောင့် (အစေ့ထုပ် ပါးပါးလှီးထားပါ)
  • ချင်း အနည်းငယ် (ခတ်ပါးပါးရှည်ရည်လှီးထားပါ)

ပြင်ဆင်ပြုလုပ်နည်း

  1. အချဉ်ရည်အရင်လုပ်ရန် ဖန်ဇလုံ ထဲ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး သေချာမွေပါ ။ မိနစ် ၃၀လောက် မသုံးခင် ကြိုလုပ်ထားလျှင် အနံ့အရသာ ပိုကောင်းပါတယ် ။
  2. အိုးထဲ ဆား ရေ ထည့်ပြီး ဆူအောင်တည်ပါ ။ ရေဆူလျင် ပဲပင်ပေါက်ထည့်ရေဖျော်ပါ ။ ဇကာထဲ ရေစစ်ချပြီး ရေအေးဖြင့်ဆေးပါ ။ ရေစင်အောင်ခါပါ။
  3. ဇလုံးအကြီးထဲ ပဲပင်ပေါက်နှင့် ကျန်ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီးနယ်ပါ ။ ချက်ချင်သုံးဆောင်ပါ ။
Credit: Syilwin Foodsgarden

Review

User Rating

2.8 (15 Votes)