သနပ် - Pickles | အသီး - Fruits

ကိုရီးယား သခွါးသီးကင်ချီ (Korean Cucumber Kimchi)

April 27, 2016

ကိုရီးယား သခွါးသီးကင်ချီ (Korean Cucumber Kimchi)

Share this on:

ပါဝင်ပစ္စည်းများ

  • သခွါးသီး - ၆တောင့်
  • ဂျင်းအချောင်းလေးတွေ - ၁တတ်စာ
  • ကြက်သွန်ဖြူ ပါးပါးလှီး - ၇တတ်
  • Korean Chili Powder - စားပွဲတင်ဇွန်း၂ဇွန်း
  • ဆန်ရှာလကာရေ - စားပွဲတင်ဇွန်း၂ဇွန်း
  • သကြား - လက်ဖက်စားဇွန်း၂ဇွန်း
  • ငံပြာရေ - လက်ဖက်စားဇွန်း၁ဇွန်း
  • ကြက်သွန်မြိတ်အချောင်း - ၂ပင်စာ

ပြင်ဆင်ပြုလုပ်နည်း

  1. သခွါးသီးများကို ရေဆေးပြီး အညှာရှိရာဖက်မှ x ပုံစံလှီးပါ ။ ပြီးပါက ဆားဖြင့်နယ်ပြီး နာရီဝက်ခန့် နှပ်ထားပေးပါ ။
  2. Chili Paste ငရုပ်သီးအနှစ်ပြု လုပ်ရန် ငရုပ်သီးမှုန့် ၊ သကြား ၊ ငံပြာရေ ၊ ဆန်ရှာလကာရေ တို့ကို ရောပြီးမွှေပေးပါ ။
  3. ဆားစိမ်ထားသော သခွါးသီးများကို ရေပြန်ဆေးပါ ။ ဇလုံတစ်လုံးထဲ၌ ထည့်ပါ ။ ပြီးပါက အသီးရွက်များ ထည့်ပါ ။ Chili Paste ထပ်ထည့်ပါ ။ ပြီးပါက x ပုံစံလှီးထားသော သခွါးသီးများထဲသို့ အသီးရွက်များနှင့်Chili Pasteများကို ရောနယ်ပေးပါ ။ တစ်ရက်လောက်သိပ်ထားရင်တော့ အင်မတန်စားကောင်းသော သခွါးသီးကင်ချီကို ရရှိမှာ ဖြစ်ပါတယ် ။
Credit: သံယောဇဉ်

Review

User Rating

3 (2 Votes)