ဒီတခါမှာတော့ Sandwich နဲ့ MILO ကို နေ့လည်စာအဖြစ်ထည့်ပေးကြမယ်။ ကလေးတွေရဲ့ စားချင်စိတ်ကို ဖမ်းစားနိုင်ပြီး နေ့လည်စာကို မြိန်ရေယှက်ရေ စားသုံးနိုင်ဖို့ အဟာရပြည့်ဝတဲ့ အစားအစာကိုနေ့လည်စာအဖြစ် ထည့်ပေးလိုက်ရအောင်။

Sandwich

Sandwich အတွက် ပါဝင်ပစ္စည်း

ပေါင်မှုန့် ၂ ချပ်

အ၀ိုင်းလိုက်လှီးထားတဲ့ ခရမ်းချဉ်သီးနဲ့သခွားသီး

ဆလပ်ရွက်

ထောပတ်

ချိစ်အပြား ၁ပြား

ကြိတ်ထားတဲ့ ကြက်သား အနည်းငယ်

Mayonnaise လက်ဖက်ရည်ဇွန်း ၂ ဇွန်း

DSC08691

ပြုလုပ်နည်း

ကြိတ်ထားတဲ့ ကြက်သား အနည်းငယ်ကို မီးအေးအေးနဲ့ ဆီအနည်းငယ်ထည့်ပြီး ကြော်လိုက်ပါ။

DSC08677

ပေါင်မှုန့် တစ်ချပ်ရဲ့ တစ်ဖက်ဆီကို ထောပတ်သုတ်ပါ။ ချိစ် (Cheese) ကို ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်အပေါ် တင်လိုက်ပါ။

DSC08701

အဲဒီနောက် အပေါ်ကနေ ကြော်ထားတဲ့ ကြက်သား ကို ထည့်ပါ။

DSC08706

ခရမ်းချဉ်သီးထည့်ပါ။ ဆလတ်ရွက်ကိုတင်ပါ။ ပြီးရင် ကျန်တဲ့ပေါင်မှုန့်တစ်ချပ် ကို မိုင်ယိုနီးစ် (Mayonnaise) သုတ်ပြီး အပေါ်ကနေတင်ပါ။

DSC08722

အလည်ကနေပြီးတော့ ကန့်လန့်ဖြတ် တြိဂံပုံလေး လှီးလိုက်ပြီးထည့်ပေးပါ။ ဆလတ်ရွက်ကို အောက်ခံပြီး ထည့်ပေးရင် ချစ်စဖွယ်လေးနဲ့ဆိုတော့ ကလေးတွေရဲ့ အာရုံကို ဖမ်းစားနိုင်မှာဖြစ်ပါတယ်။

ပါဝင်တဲ့အဟာရတွေကတော့- ကယ်လိုရီ = ၅၃၈.၈၊ ကာဘွန်ဟိုက်ဒရိတ် = ၂၉.၅ ဂရမ်၊ ပရိုတင်း = ၂၄.၄ဂရမ်၊ ကိုလက်စထရော= ၁၀၅.၉မီလီဂရမ်။

သစ်သီး

ပြီးရင်တော့ ပန်းသီး လိမ္မော်သီး စတဲ့ ရာသီစာ အသီးလေးတွေ လှီးပြီးထည့်ပေးပါ။ သစ်သီးတွေမှာ အဆီဓါတ်အနည်းငယ်သာပါဝင်ပြီး ဆိုဒီယမ်နဲ့ ကယ်လိုရီပါဝင်မှုလည်းနည်းပါတယ်။

အစာချေစနစ်ကိုကောင်းမွန်စေတဲ့ အမျှင်ဓါတ်တွေပါဝင်ပြီး ပိုတက်ဆီယမ်နဲ့ ဗီတာမင် C လည်းပါဝင်ပါတယ်။ ဒါ့အပြင် ဖောလိတ်အက်ဆစ်လည်းပါဝင်လို့ ကျန်းမာရေးကို အထောက်အကူပြုစေမှာဖြစ်ပါတယ်။

DSC08740

MILO

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILOက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။