မြန်မာတို့ရဲ့ အတာသင်္ကြန်ကတဖြည်းဖြည်းနဲ့ နီးစပ်လို့လာနေပြီနော်။ ဒီလိုအတာသင်္ကြန်မှာ မြန်မာတို့ရဲ့ ဓလေ့ထုံးစံအရ မုန့်တွေအိမ်မှာလုပ်ပြီး အခြားအိမ်တွေကို ပြန်လည်ဝေမျှကြတတ်ပါတယ်။ ဒါကြောင့် အခုတစ်ခါဖော်ပြပေးချင်တာကတော့ သင်္ကြန်အချိန်အခါရဲ့ အမှတ်တစ်ခုအနေနဲ့တောင် ခေါ်ဝေါ်နိုင်တဲ့ မုန့်လုံးရေပေါ်လုပ်နည်းလေးပါ။ လက်ဝင်မယ့်၊ အချိန်ယူမယ့် ကိစ္စတွေမပါလို့ ကြည့်ကြည့်လိုက်ကြပါအုံးနော်။
ပါဝင်ပစ္စည်းများ
- ကောက်ညှင်းမှုန့် စစ်စစ် – ၁ ဗူး
- ဆန်မုန့် – ၁/၄ ဗူး
- ထန်းလျက်အသေးဖြူ – ၁၅ လုံးခန့်
- ဆား – အနည်းငယ်
- အုန်းသီးခြစ် (သို့) အုန်းမုန့်ခြစ် – လိုအပ်သလို
ပြင်ဆင်ပြုလုပ်နည်း
- မုန့်လုံးရေပေါ် လုပ်ရင် ကောက်ညှင်းချည်းပဲ သုံးလျှင် အရမ်းစေးပြီး တွဲကပ် နေတတ် ပါတယ်။ ဒါကြောင့် ဆန်ကြမ်းမှုန့် အနည်းငယ် ရောသုံး ပေးဖို့ လိုအပ်ပါတယ်။
- ထန်းလျက်ခဲတွေကို ခပ်သေးသေး အစများ ဖြစ်အောင်လှီးပါ။ အုန်းသီးကိုလည်း အမျှင် (သို့) အမှုန့်ပုံစံ ရအောင် ခြစ်ထားပါ။
- ကောက်ညှင်းမှုန့် ၊ ဆန်မှုန့် ၊ ဆား စတာတွေကို ရောပြီး ရေ ၁ဗူး (နို့ဆီဗူး) ခပ်နွေးနွေးကို အနည်းငယ် ချင်းစီ ထည့်ပြီး သမသွားအောင် နယ်ပါ။ စေးထွေးထွေး မုန့်သားမှာ အနေတော်ပါ။
- မိမိနှစ်သက်သလို အရွယ်လေးတွေလုံးပြီးအတွင်းထဲကို ထန်းလျက်ထည့်ပြီး လုံးသွားအောင် (အပေါက်ဖြစ်မနေအောင်) လုံးပြီး ရေနွေးဆူဆူ(ရေများများ) မှာ ရေပေါ်သို့ ပေါ်လာသည် အထိ ပြုတ်ပါ။
- ပေါ်လာသည့် မုန့်လုံးများ ဆယ်ရျ် ရေစစ်ပါ။ အုန်းသီးမှုန့်များ ဖြူးပြီး သုံးဆောင်ပါ ။
Recipe & Photo Credit: Original Uploader & ညီမလေး Myint Myint Kyi