လူသားတွေနေ့စဉ်စားသုံးနေကြတဲ့ အစားအစာတွေအများကြီးထဲမှာမှ တချို့အစားအစာတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ ကျန်းမာရေးကို အထောက်အကူပြုနေတဲ့အချက်တွေ များစွာရှိပါတယ်။ ဒီလိုအစားအစာမျိုးကိုတော့ နေ့တိုင်းတစ်နေ့တစ်မျိုး စားသုံးပေးသင့်ပါတယ်။

ခရမ်းချဉ်သီး

Source: www.julianfitnesssolutions.com

ခရမ်းချဉ်သီးဟာ နှလုံးကျန်းမာရေးတွက် အရမ်းကိုအထောက်အကူပြုပါတယ်။ ခရမ်းချဉ်သီးကို နေ့စဉ်စားသုံးပေးခြင်းက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့အပြင် နှလုံးရောဂါဖြစ်နိုင်ချေကိုပါ လျော့ကျစေပါတယ်။

မုန်လာဥနီ

Source: www.mydirtygardener.com

မုန်လာဥနီက မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ မုန်လာဥနီမှာက Beta Carotene နဲ့ Vitamin  ဓာတ်တွေအပြည့်အဝပါဝင်လို့ အမြင်အာရုံကိုတိုးတက်စေပြီး မျက်စိအတွက် အရမ်းကောင်းကျိုးပေးပါတယ်။

ငှက်ပျောသီး

Source: www.woolworths.com

ငှက်ပျောသီးမှာ Tryptophan လို့ခေါ်တဲ့ ပရိုတင်းဓာတ်တွေများစွာပါဝင်လို့ သွားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ သွားတွေကိုဖြူဖွေးလာစေဖို့လည်း အထောက်အကူပြုလို့ လှပတဲ့အပြုံးပိုင်ရှင်လေးဖြစ်ချင်ရင် ငှက်ပျောသီးကိုစားပေးပါ။

မှို

Source: www.woolworths.com

မှိုကတော့ နားအတွက်အကျိုးပြုတဲ့အစားအစာဖြစ်ပြီး ဗီတာမင် ဒီ ပေါများစွာပါဝင်လို့ အကြားအာရုံကိုတိုးတက်လာစေပါတယ်။

ဗိုလ်စားပဲ

Source: www.nutstop.com

ဗိုလ်စားပဲတွေရဲ့ပုံတွေက ကြည့်လိုက်မယ်ဆိုရင် လူသားတွေရဲ့ကျောက်ကပ်နဲ့ ပုံစံတူပါတယ်။ ဗိုလ်စားပဲမှာက Vitamins နဲ့ Minerals ဓာတ်တွေများစွာပါဝင်လို့ ကျောက်ကပ်ကျန်းမာရေးအတွက် အရမ်းကိုအထောက်အကူပြုပါတယ်။

သစ်ကြားသီး

Source: www.quora.com

သစ်ကြားသီးကတော့ ဦးနှောက်ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။

စပျစ်သီး

Source: www.sunpacific.com

စပျစ်သီးက အဆုတ်ကျန်းမာရေးအတွက် အရမ်းကိုအထောက်အကူပြုပါတယ်။ စပျစ်သီးအစေ့မှာက Proanthocyanidin တွေပါဝင်ပါတယ်။ အဆုတ်ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့အပြင် Asthma ရောဂါကိုလည်း သက်သာစေပါတယ်။

ကန်စွန်းဥ

Source: www.livestrong.com

ကန်စွန်းဥကိုပုံမှန်စားပေးမယ်ဆိုရင်တော့ လူသားတွေရဲ့ ပန်းကရိယ (Pancreas) ကျန်းမာဖို့အတွက် အထောက်အကူပြုဖြစ်စေပါတယ်။

ဂျင်း

Source: purpletreeorganics.com

ဂျင်းက အစာချေစနစ်ကို အရမ်းကောင်းမွန်စေပါတယ်။ အစာအိမ်အတွက်တော့ ဆေးစွမ်းကောင်းတစ်လက်ပါပဲ။

ဂျင်ဆင်းမြစ်

Source: www.naturalfoodseries.com

ဂျင်ဆင်းမြစ်ဟာ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေအများကြီး ဖြစ်ထွန်းလာစေတဲ့ အစားအစာပါ။ နှလုံးရောဂါနဲ့ ကင်ဆာရောဂါကို သက်သာပျောက်ကင်းစေဖို့ အထောက်အကူပြုပြီး မဖြစ်အောင်လည်း ကာကွယ်တားဆီးပေးတဲ့ ဆေးစွမ်းကောင်းတစ်လတ်ပါ။ ဂျင်ဆင်းမြစ်ကိုစားပေးခြင်းဟာ ကိုယ်ခံအားကိုလည်း ပိုပြီးကောင်းမွန်လာစေပါတယ်။