ညအိပ်ခါနီးမှာ မစားသင့်တဲ့အစားအစာတွေရှိပါတယ်။ တချို့ ညအိပ်ခါနီးမှ ဗိုက်ဆာလို့ တစ်ခုခုစားတာမျိုးတွေရှိတတ်ပါတယ်။ ဒီလိုစားတဲ့အခါမှာလည်း သတိထားဆင်ခြင်ပေးဖို့လိုပါတယ်။

ဒါကြောင့် ညအိပ်ခါနီးမှာ မစားသင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ချောကလက်

Source: www.telegraph.co.uk

ချောကလက်မှာ Caffeine ဓာတ်တွေများစွာပါဝင်လို့ ညအိပ်ခါနီးမှာ မစားသင့်ပါဘူး။ ချောကလက်မှာပါဝင်တဲ့ Caffeine ဓာတ်နဲ့ Theobromine ဓာတ်တွေက ဦးနှောက်အာရုံကြောစနစ်ကို လှုံ့ဆော်ပေးလို့ ညဘက်မှာအိပ်ပျော်ဖို့ ခဲယဉ်းစေပါတယ်။ နှလုံးခုန်နှုန်းကိုလည်း မြင့်တက်လာစေပါတယ်။

ကြက်သား

Source: www.livekindly.co

ကြက်သားမှာ ပရိုတင်းဓာတ်တွေ အပြည့်အဝပါဝင်နေပါတယ်။ ပရိုတင်းဓာတ်များစွာပါဝင်တဲ့အတွက် အစာခြေဖို့ကလည်း ခက်ခဲပါတယ်။ ဒါကြောင့် အစာကတော်ရုံနဲ့မကြေဘဲ ဗိုက်အောင့်တာတွေ၊ လေအောင့်တာတွေဖြစ်တတ်ပြီး စားတာများသွားတဲ့အခါမှာတော့ အစာတွေပြန်အန်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကြက်သားနဲ့ထမင်းစားမယ်ဆိုရင်တောင် အိပ်ချိန်နဲ့မနီးအောင် စားပေးသင့်ပါတယ်။

အဆီတက်စေတဲ့အစားအစာများ

Source: www.alyatter-news.com

ညအိပ်ယာဝင်ခါနီးမှာ Bacon Cheeseburger လို အဆီတက်စေတဲ့အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီအစားအစာတွေက ဝိတ်တက်စေလို့ ညဘက်မှာ လုံးဝမစားသုံးသင့်ပါဘူး။ ဝမှာကြောက်တဲ့သူတွေဆိုရင် အဆီတက်စေတဲ့အစားအစာတွေကို လုံးဝမစားသုံးသင့်ပါဘူး။ ဒီအစားအစာတွေက အစာခြေတာကြာတဲ့အပြင် လေပူလည်းထစေပါတယ်။ ဒီလိုတွေဖြစ်လာခဲ့ရင် သင့်ရဲ့အိပ်စက်ချိန်ကို အနှောက်အယှက်ဖြစ်စေမှာပါ။

Spicy အစားအစာများ

Source: www.chicagotribune.com

Spicy အစားအစာတွေကို ညအိပ်ခါနီးမှာစားသုံးရင်တော့ လေပူထပြီး ဗိုက်အောင့်ဗိုက်နာတာတွေ ဖြစ်စေပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် သင့်ရဲ့အိပ်စက်ချိန်တွေကို အနှောက်အယှက်ပေးတဲ့အတွက် အိပ်ရေးမဝတာတွေဖြစ်လာမှာပါ။ ဒါကြောင့် ညအိပ်ယာဝင်ခါနီးမှာ အစပ်တွေမစားတာ အကောင်းဆုံးပါပဲ။

ညဘက်မှာ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ ဗိုက်ဆာရင်တောင် ဒီအစားအစာလေးမျိုးကို သတိထားရှောင်ကြဉ်ပေးသင့်ပါတယ်။