Workout လုပ်ပြီးတဲ့အချိန်မှာဆိုရင် ချွေးတွေလည်းထွက်ပြီး ပင်ပန်းတော့ အားအင်ရော၊ ရေဓာတ်ရော ကုန်ခမ်းသွားတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ရေဓာတ်ပြန်ရအောင်လုပ်ပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ်ပြန်ရအောင်ဆိုပြီး Workout လုပ်ပြီးတာနဲ့ ရေကိုအများကြီးမသောက်ပေးရပါဘူး။

ဒါကြောင့် Workout လုပ်ပြီးတဲ့အချိန်မှာ ရေဓာတ်ပြည့်ဝအောင်စားသောက်ပေးရမယ့် အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။

ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာများ

Source: www.womensok.com

Workout လုပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်က Energy တွေလိုအပ်ပါတယ်။ ဒါကြောင့် လုပ်ပြီးသွားတဲ့အချိန်မှာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားပေးရပါတယ်။ ဥပမာ – ကြက်ဥ၊ ငှက်ပျော်သီးနဲ့ အခြား ပရိုတင်းဓာတ်ကြွယ်ဝတာတွေကို စားသုံးပေးနိုင်ပါတယ်။

ရေအနည်းငယ်သောက်ပါ

Source: www.womensok.com

Workout လုပ်ပြီးသွားတဲ့အခါမှာ တော်တော်များများက မောလို့ဆိုပြီး ရေကိုအများကြီးသောက်ကြတယ်။ တကယ်တော့ သွေးလည်ပတ်မှုတွေကောင်းမွန်ပြီး၊ ခန္ဓာကိုယ်ကရေဓာတ်ပြည့်နေစေဖို့ Workout လုပ်ပြီးသွားတဲ့အခါမှာ ရေကိုနည်းနည်းပဲသောက်ပေးရပါတယ်။ ကျန်တဲ့တစ်နေ့တာလုံးမှာတော့ ရေကိုများများသောက်ပေးပါ။

သံပုရာ (သို့) Lemon Water

Source: www.womensok.com

Workout လုပ်ပြီးသွားတဲ့အချိန်မှာ လိုအပ်နေတဲ့ Energy တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ သံပုရာ (သို့) Lemon Water ကိုလည်း သောက်ပေးရပါတယ်။ သူကအမောလည်းပြေစေပြီး စိတ်လည်းကြည်လင်လန်းဆန်းစေပါတယ်။

အုန်းရည်

Source: www.womensok.com

Workout လုပ်ပြီးသွားရင် လိုအပ်နေတဲ့ Energy တွေပြန်ပြည့်လာစေဖို့ အုန်းရည်ကိုလည်း သောက်ပေးလို့လည်းရပါတယ်။ သူကတော့ အစာချေစနစ်ကိုလည်း ကောင်းမွန်စေပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အချက်တွေ ရှိပါတယ်။

Skimmed Milk

Source: www.womensok.com

Skimmed Milk လို့ခေါ်တဲ့ နွားနို့မှာက Calcium နဲ့ Proteins ဓာတ်တွေများစွာပါဝင်ပါတယ်။ သူက ခန္ဓာကိုယ်မှာရှိတဲ့ Tissue တွေနဲ့ အရိုးတွေ၊ Muscles တွေကို ပိုမိုကောင်းမွန်လာစေတဲ့အတွက် Workout လုပ်ပြီးတဲ့အခါမှာ Skimmed Milk တစ်ခွက်ကို သောက်ပေးရင် ပိုကောင်းပါတယ်။

Smoothies

Smoothies မှာကလည်း အာဟာရဓာတ်တွေများစွာပါဝင်ပါတယ်။ အသီးအရွက်တွေ၊ သစ်သီးတွေနဲ့လုပ်ထားတဲ့ Smoothies တွေက ကျန်းမာရေးကိုအထောက်အကူပြုပါတယ်။ Smoothies တွေထဲမှာဆိုရင် ပျားရည်နဲ့လုပ်ထားတဲ့ Smoothies တွေနဲ့ ငှက်ပျောသီးနဲ့လုပ်ထားတဲ့ Smoothies တွေက ပိုကောင်းပါတယ်။ ဒါကြောင့် Workout လုပ်ပြီးတဲ့အချိန်မှာ Smoothies တစ်ခွက်ကို သောက်ပေးလို့လည်း ရပါတယ်။

Source: www.womensok.com