ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေအတွက် အရမ်းကိုကြောက်စရာကောင်းလွန်းတဲ့ ရောဂါတစ်ခုပါ။ ဒီလိုကြောက်စရာကောင်းတဲ့ရောဂါကို အစားအသောက်နဲ့လည်း တစ်ဖက်တစ်လိမ်းကနေ ကာကွယ်လို့ရတယ်ဆိုတော့ အစားအသောက်တွေကို သေချာလေးစားသုံးပေးဖို့လိုပါတယ်။

ဒါကြောင့် ရင်သားကင်ဆာကိုကာကွယ်ဖို့ ပျိုမေတို့အနေနဲ့ စားသုံးသင့်တဲ့အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။

ပဲပင်ပေါက်

Source: www.womensok.com

ပဲပင်ပေါက်မှာ ရင်သားကင်ဆာကိုတိုက်ဖျက်နိုင်တဲ့အစွမ်းသတ္တိတွေ များစွာပါဝင်ပါတယ်။ ပဲပင်ပေါက်ကို ကြော်စားရုံတင်မကပဲ ဟင်းချိုချက်သောက်လို့လည်းရပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်ကို အစိမ်းစားပေးမယ်ဆိုရင်တော့ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ရုံတင်မကပဲ အသားအရေကိုလည်း လှပလာစေပါတယ်။

ပန်းသီး

Source: www.womensok.com

ပန်းသီးမှာလည်း ကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေရှိလို့ များများစားသုံးပေးပါ။

အဆီဓာတ်ပါတဲ့ငါး

Source: www.womensok.com

အဆီဓာတ်ပါတဲ့ငါး (Fatty Fish) တွေမှာက Omega 3 Fatty DHA နဲ့ EPA တွေပါဝင်ပါတယ်။ ရင်သားကင်ဆာရောဂါကိုကာကွယ်ဖို့ စားသုံးပေးသင့်တဲ့အစားအစာတစ်မျိုးပါ။

တလည်းသီး

Source: www.womensok.com

ရင်သားကင်ဆာကိုကာကွယ်ဖို့ တလည်းသီးကိုလည်း များများစားပေးဖို့ မမေ့ပါနဲ့။

Blueberry

Source: www.womensok.com

ထူးထူးဆန်းဆန်းပါပဲ Blueberry သီးကလည်း ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အသီးပါ။

သစ်ကြားသီး

Source: www.womensok.com

သစ်ကြားသီးကိုများများစားမယ်ဆိုရင်တော့ ရင်သားကင်ဆာဖြစ်ပွါးမှုနှုန်းကို လျော့ကျစေပါတယ်။

ငရုပ်ပွသီး

Source: www.womensok.com

ငရုပ်ပွသီးကလည်း ရင်သားကင်ဆာမဖြစ်အောင် တစ်ဖက်တစ်လမ်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် စားပေးဖို့ မမေ့ပါနဲ့။

ပဲပုပ်

Source: www.womensok.com

ပဲပုပ်ကလည်း ရင်သားကင်ဆာမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်တဲ့အစားအစာ တစ်မျိုးပါ။